Pages

Wednesday, May 11, 2011

ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံလောက် Location ကောင်းတဲ့နိုင်ငံမရှိပေမဲ့ လဲUN ကနေ သတ်မှတ်ထားတဲ့ poverty line ကို ချိုးဖြတ်ပြီး ကမ္ဘာအဆင်းရဲဆုံးဆုကိုရရှိ

တစ်နေ့လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာအောက် ၀င်ငွေရရှိသည့် ပမာဏ ၂၆ ဒသမ ၅ ရာခိုင်နှုန်း ရှိနေ PDF  | Print |
AddThis Social Bookmark Button
မြန်မာနိုင်ငံ၌ရှိသော လူဦးရေ သန်း ၅၀ ကျော်အနက် တစ်နေ့လျှင် အမေရိကန် တစ်ဒေါ်လာအောက် ၀င်ငွေရရှိသည့် ပမာဏမှာ ၂၆ ဒသမ ၅ ရာခိုင်နှုန်း ရှိနေကြောင်း UNESCAP အစီရင်ခံစာများ အရ သိရှိရသည်။
''လောလောဆယ်မှာ နိုင်ငံ့လူဦးရေရဲ့ ၂၆ ဒသမ ၅ ရာခိုင်နှုန်းဟာ တစ်နေ့ဝင်ငွေ တစ်ဒေါ်လာအောက်နဲ့ ရပ်တည်နေကြတာပါ။ UN ကနေ သတ်မှတ်ထားတဲ့ poverty line က တစ်ရက်ဝင်ငွေကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅ ဒေါ်လာ သတ်မှတ်ပါတယ်။ လက်ရှိ အချိုးအစားအရ တကယ်လို့များ ၃၅ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လာမယ်ဆိုရင် ဒါဟာ နိုင်ငံအတွက်ရော၊ ကုလသမဂ္ဂ အတွက်ရော စိန်ခေါ်မှု တစ်ရပ်ပါ။ ဒါကြောင့်မို့လို့ ဆင်းရဲမွဲတေမှု ကိစ္စတွေကို ကိုင်တွယ်ဖြေ ရှင်းနိုင်ဖို့ လိုပါတယ်။ UN အနေနဲ့ ကတော့ ၂၀၁၅ ခုနှစ်ကို ဆင်းရဲ မွဲတေမှု ဆွဲချရေးအတွက် ထောင်စုနှစ်ရည်မှန်းချက် (Millennium Development Goals-MDG) အဖြစ် သတ်မှတ်ထားပါတယ်။ လက်ရှိ အခြေအနေက ၂၀၁၁ ဆိုတော့ တဖြည်းဖြည်းနဲ့ ကပ်လာပါပြီ''ဟု UNESCAP မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ယခုနှစ်ပိုင်းကာလများတွင် အစာရေစာရှားပါးမှု၊ လောင်စာဆီ ဈေးနှုန်းများ မြင့်တက်မှုမှာ အဓိကအားဖြင့် ဆင်းရဲသား ပြည်သူလူထုအား တိုက်ရိုက် ထိခိုက်စေသောကြောင့် Food Security ပိုင်းနှင့်ပတ်သက်၍လည်း အလေးထား ဆောင်ရွက်ရန် လိုအပ်လာကြောင်း သိရှိရသည်။

ပညာရေး၊ ကျန်းမာရေး ကဏ္ဍနှစ်ခု စလုံးမှာ နိုင်ငံတော် အသုံးစရိတ်က ၄ ဒသမ ၅ ခိုင်နှုန်းလောက် သုံးထားတယ်လို့ သိရှိရပါတယ်။ အရင်တုန်းကထက်စာရင် ဒီကဏ္ဍမှာ အသုံးစရိတ် မြှင့်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ရရှိထားတဲ့ အချက်အလက်တွေကဆိုရင် ဒီထက် သုံးဆလောက် မြှင့်တင်နိုင်ရင် ပိုကောင်းပါတယ်လို့ မြင်မိပါတယ် . . .
အလားတူပင် ဆင်းရဲမွဲတေမှု လျော့ချနိုင်ရေးအတွက် တိုင်းပြည်၏ စီးပွားရေး တိုးတက်အောင် လုပ်ဆောင်နိုင်မှုမှာ များစွာ အရေးပါနေပြီး ရင်းနှီးမြှုပ်နှံမှုနှင့် တစ်ဦးချင်းဝင်ငွေ မြင့်တက်မှု တို့ကို တိုးမြှင့်လုပ်ဆောင်ရန်
လိုအပ်လာကြောင်း သိရှိရသည်။
''စီးပွားရေး တိုးတက်အောင် လုပ်တဲ့နေရာမှာ တက်ကြွတဲ့၊ ရှင်သန်တဲ့ Dynamic Economy ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ပြီးရင် ဖွံ့ဖြိုးတိုးတက်မှုကလည်း အားလုံး ပါဝင်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ဖို့ လိုအပ်ပါတယ်။ ဆင်းရဲတဲ့လူကို ချန်ထားခဲ့လို့ မရပါဘူး။ နောက်တစ်ခုက ပြင်ပနဲ့ ချိတ်ဆက်နိုင်မှု အရေးကြီးပါတယ်။ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဆက်ဆံရမှာပါ။ ဒီရေတက်မှာကို ကြောက်လို့ ဒီရေမတက်အောင် လုပ်မယ်ဆိုလို့ မရပါဘူး။ နောက်ဆုံးတစ်ချက်ကတော့ လတ်တလောမှာ ဖွံ့ဖြိုးတိုးတက်မှုက နောက်ကျနေပေမယ့် တစ်ရက်မှာတော့ စီးပွားရေး တိုးတက်အောင် ပြန်ပြီး လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။အခု New Government လည်း ဖွဲ့ပြီးသွားပြီ ဆိုတော့ ဆင်းရဲမွဲတေမှု ကိစ္စတွေကို အတတ်နိုင်ဆုံး လျော့ချဖို့ လိုအပ်ပါတယ်''ဟု ၎င်းက ပြောပြခဲ့သည်။
ထို့အတူ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တိုးတက်လာရန် လိုအပ်ပြီး ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှု၌ ပြည်ပမှ တိုက်ရိုက် လာရောက်ရင်းနှီးမြှုပ်နှံမှု FDI ရှိသကဲ့သို့ ပြည်တွင်းတွင် လိုအပ်သည့် ကျန်းမာရေး၊ ပညာရေးကဏ္ဍ များတွင်
ပြန်လည်ရင်းနှီးမြှုပ်နှံခြင်း များလည်း ရှိကြောင်း သိရသည်။
''FDI နဲ့ ပတ်သက်လာလို့ ရှိရင် လာပါ၊ လာပါလို့ ပြောနေစရာ မလိုပါဘူး။ Conducive Environment ဖြစ်ဖို့ပဲ လိုပါတယ်။ အခု လာအိုတို့၊ ဗီယက်နမ်တို့က အပြိုင်အဆိုင် ဆွဲဆောင်နေကြတဲ့ အခါမှာ ကိုယ့်ဘက်က  Scrutinize အများကြီးလုပ်လို့ မရပါဘူး။ နောက်တစ်ခုက ပြည်တွင်းမှာ ပြန်ပြီး ရင်းနှီးမြှုပ်နှံတဲ့ ပုံစံပါ။ ဥပမာဆို ပညာရေးပါ။ နိုင်ငံတစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်ချင်လို့ ရှိရင် အနည်းဆုံး Budget ရဲ့ ၂၀ ရာခိုင်နှုန်းကို သုံးပေးဖို့ လိုအပ်ပါတယ်''ဟု UNESCAP မှ တာဝန်ရှိသူတစ်ဦး က ပြောပြခဲ့သည်။
''အခု ပညာရေး၊ ကျန်းမာရေး ကဏ္ဍနှစ်ခုစလုံးမှာ နိုင်ငံတော် အသုံးစရိတ်က ၄ ဒသမ ၅ ရာခိုင်နှုန်းလောက် သုံးထားတယ်လို့ သိရှိရပါတယ်။ အရင်တုန်းကထက်စာရင် ဒီကဏ္ဍမှာ အသုံးစရိတ် မြှင့်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ရရှိထားတဲ့ အချက်အလက်တွေကဆိုရင် ဒီထက် သုံးဆလောက် မြှင့်တင်နိုင်ရင် ပိုကောင်းပါတယ်လို့ မြင်မိပါတယ်။ Budget ကို သုံးဆလောက် တိုးပေးသွားသင့်တယ်လို့ မြင်တာပါ''ဟု UNESCAP ၏ ဌာနေကိုယ်စားလှယ် Mr. Bishow Parajuli က ပြောကြားခဲ့သည်။
လက်ရှိ အနေအထားအရ မြန်မာနိုင်ငံ၏ တည်နေရာသည် အဓိက စီးပွားရေးဖွံ့ဖြိုးသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံကြီး နှစ်ခုကြားတွင် ရှိနေသောကြောင့် စီးပွားရေးအရ အချက်အချာ ကျနေကြောင်း သိရှိရသည်။
''Economic မှာ လက်ခံထားတာ တစ်ခု ရှိပါတယ်။ ဘယ်နေရာမှာမဆို စီးပွားရေးတစ်ခု အောင်မြင်တာ Location၊ ဆိုင်တစ်ဆိုင် အောင်မြင်တာလည်း Location၊ နိုင်ငံ တစ်နိုင်ငံ တိုးတက်တာလည်း Because of Location ပါ။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံလောက် Location ကောင်းတဲ့နိုင်ငံ မရှိပါဘူး''ဟု စီးပွားရေး ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၉ သန်း ၀န်းကျင် ရှိနေသောကြောင့် ၂၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက စုစုပေါင်း လူဦးရေ၏ ၁၅ သန်းဝန်းကျင်မှာ တစ်နေ့လျှင် အမေရိကန် တစ်ဒေါ်လာအောက်ဖြင့် ရပ်တည် ရှင်သန်နေရကြောင်း သိရှိရသည်။
အာရှပစိဖိတ်ဒေသတွင် စုစုပေါင်း လူဦးရေ သန်း ၄၀၀၀ ရှိပြီး ယင်းအနက် သန်း ၉၅၀ ၀န်းကျင်မှာ တစ်ရက်လျင် ၀င်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၅ ဒေါ်လာ ၀န်းကျင်ဖြင့် ရပ်တည်နေရကြောင်း သိရသည်။