Pages

Wednesday, June 22, 2011

ရုရှားသမ္မတ မက်ဗီဒက် အမေရိကန် သမ္မတ အိုဘားမားနှင့် အလုပ်လုပ်ရသည်မှာ ပျော်ရွှင်ကြောင်း၊ ထုတ်ဖော်ပြောကြား

PDF Print
Wednesday, 22 June 2011 15:45
AddThis Social Bookmark Button

b41216
ရုရှားသမ္မတမက်ဗီဒက်
ရုရှားသမ္မတ မက်ဗီဒက်သည် ဒုတိယ သက်တမ်း အတွက် ထပ်မံ အရွေးခံရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သော်လည်း လက်ရှိ ၀န်ကြီးချုပ် ဗလာဒီမာပူတင်ကို ယှဉ်ပြိုင်သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လတွင် ပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲတွင် ပူတင်နှင့် မိမိတို့ နှစ်ဦး တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်မည် မဟုတ်ကြောင်း၊ မိမိတို့နှစ်ဦး ပြိုင်ဘက် ဖြစ်နေပါက နိုင်ငံကို နစ်နာစေမည် ဖြစ်ကြောင်း ရုရှား
ရုပ်သံဌာနများက ထုတ်လွှင့်ခဲသော ဖိုင်နယ်ရှယ်တိုင်းမ် ရုပ်သံ အင်တာဗျူးတွင် မက်ဗီဒက်က ပြောကြားခဲ့သည်။ ဆီးရီးယားနိုင်ငံတွင် စစ်တပ်က ပြည်သူများကို အင်အားသုံး နှိမ်နင်းနေမှုအား ကန့်ကွက်ရှုတ်ချသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက် မူကြမ်းကိုပင် ရုရှားနိုင်ငံက လက်မခံနိုင်ကြောင်း ယခုအချိန်ထိ ငြင်းဆန်နေသည်။
မက်ဗီဒက်နှင့် ပူတင် နှစ်ဦးစလုံးသည် သမ္မတ နေရာ အတွက် မည်သူက ၀င်အရွေးခံမည်ကို နောက်ပိုင်းမှ ပြောကြားမည် ဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။ မက်ဗီဒက်က ၎င်း၏ဆုံးဖြတ်ချက်ကို မကြာမီ
ကြေညာသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပူတင်နှင့် မိမိတို့သည် တစ်ခါတရံ ချဉ်းကပ်မှု လမ်းကြောင်း မတူကြောင်း၊ သို့သော် မိမိတို့ နှစ်ဦး အကြားတွင် ပဋိပက္ခ မရှိကြောင်း ပြောကြားသည်။
မက်ဗီဒက်က ပူတင်ကို စိန်ခေါ်သည့်အသွင် ဆောင်သော ပြောဆိုမှုများ ထုတ်ပြန်သည့် အချိန်တိုင်း အာဏာရပါတီတွင်း သဘောကွဲလွဲမှု ရှိနိုင်သည်ဟု သတင်း ထွက်ပေါ်လေ့ရှိသည်။ သို့သော် မက်ဗီဒက်သည် မည်သည့်အရာမျှ မစွမ်းဆောင်နိုင်သော သမ္မတအဖြစ် ထင်မြင်မခံရစေရန် စည်းချက်ညီ ကြံစည်မှုသာ ဖြစ်နိုင်ကြောင်း လေ့လာသူ အချို့က သုံးသပ်သည်။ သမ္မတသက်တမ်း နှစ်ကြိမ် ထမ်းဆောင်ပြီး အခြေခံဥပဒေ အရ ထပ်မံ ထမ်းဆောင်ခွင့် မရှိတော့၍ ၂၀၀၈ ခုနှစ်တွင် ၀န်ကြီးချုပ် နေရာ ထမ်းဆောင်ခဲ့သော ပူတင်သည်သာ အာဏာပိုရှိပြီး လုပ်ပိုင်ခွင့် ပိုရှိကြောင်းလည်း ထင်မြင်ခံနေရသည်။
မက်ဗီဒက်က အမေရိကန် သမ္မတ အိုဘားမားနှင့် အလုပ်လုပ်ရသည်မှာ ပျော်ရွှင်ကြောင်း၊ အိုဘားမားကို ဒုတိယသက်တမ်း ထပ်မံ ရွေးချယ်ခံရစေချင်ကြောင်း ၎င်း၏ဆန္ဒကို ထုတ်ဖော်ခဲ့သည်။