Pages

Wednesday, June 22, 2011

တာလီဘန်များနှင့် အမေရိကန် ဆွေးနွေးခဲ့ကြောင်း အာဖဂန်သမ္မတ ပထမဆုံးအကြိမ် အတည်ပြု



Print
Monday, 20 June 2011 02:42
AddThis Social Bookmark Button

w63822
အာဖဂန် သမ္မတ ကာဇိုင်းနှင့် ဒုတိယ သမ္မတ ကာရင်မ်ခါလီလီ တို့ကို ကဘူးလ်မြို့ သမ္မတ နန်းတော်တွင် တွေ့ရစဉ်
အမေရိကန်နိုင်ငံ အပါအ၀င် ပြည်ပနိုင်ငံများသည် တာလီဘန်တို့နှင့် ဆက်သွယ် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း အာဖဂန်သမ္မတ ကာဇိုင်းက ဇွန် ၁၈ ရက်တွင် ပြောကြားခဲ့ရာ ယင်းကဲ့သို့ ဆက်သွယ်မှု ရှိမှုကို ပထမဆုံးအကြိမ်
အတည်ပြုခြင်း ဖြစ်သည်။
''တာလီဘန်တွေနဲ့ ဆွေးနွေးမှု စတင်ခဲ့ပါပြီ။ ဆွေးနွေးမှုဟာ အဆင်ပြေခဲ့ပါတယ်''ဟု ကာဇိုင်းက ကဘူးလ်မြို့တွင် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ပြည်ပနိုင်ငံများ၊ အထူးသဖြင့် အမေရိကန်နိုင်ငံက ၎င်းတို့ အစီအစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က တာလီဘန်များ အနေဖြင့် အယ်လ်ကေးဒါးတို့နှင့် ဆက်နွှယ်မှု ရှိနေခြင်းကို ဖြတ်တောက်သင့်ကြောင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း ယခု နှစ်ဆန်းပိုင်းတွင် ပြောကြားခဲ့သည်။
ကာဇိုင်း၏ ပြောကြားချက်နှင့် ပတ်သက်၍ ကဘူးလ်မြို့ရှိ အမေရိကန် သံရုံးက မှတ်ချက် မပေးခဲ့ပေ။ တာလီဘန်များနှင့် အဆက်အသွယ် ပြုလုပ်ခြင်းမှာ ပထမအဆင့်သာ ရှိသေးကြောင်း၊ တာလီဘန် ခေါင်းဆောင်ပိုင်းနှင့်
ဆက်သွယ်ရေး လမ်းကြောင်းများ ပြုလုပ်ရမည် ဖြစ်ကြောင်း အနောက်နိုင်ငံ တာဝန်ရှိသူများက ပြောကြားသည်။ အာဖဂန် အကြီးတန်း ပုဂ္ဂိုလ်များ၊ လူမျိုးစု ခေါင်းဆောင်များ ပါဝင်သော ငြိမ်းချမ်းရေးကောင်စီကို ကာဇိုင်းက
ပြီးခဲ့သောနှစ်တွင် ဖွဲ့စည်းခဲ့ပြီး တာလီဘန်တို့နှင့် ဆွေးနွေးရန် ရည်ရွယ်သည်။ အပြန်အလှန်အားဖြင့် တာလီဘန် တို့က လက်နက်ချရမည် ဖြစ်ပြီး အခြေခံဥပဒေကို လက်ခံရမည် ဖြစ်သည်။
တာလီဘန် တို့နှင့် ဆွေးနွေးမှု ပြုလုပ်သည် ဆိုသော်လည်း အာဖဂန်တွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရေး အဓိက စိန်ခေါ်မှုမှာ တာလီဘန် ခေါင်းဆောင် မူလာအိုမာ ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။ ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း ထုတ်ခြင်းခံရသော မူလာအိုမာသည် အပစ်အခတ် ရပ်စဲရေး သို့မဟုတ် အာဏာ ခွဲဝေရေး သဘောတူညီချက် ရရှိရေး အတွက် အဓိကနေရာမှ ပါဝင်နေသည်။ အိုမာသည် ပါကစ္စတန်တွင် ရှိနေနိုင်သည်ဟု ကာလရှည်ကြာ ထင်မှတ်ခံထားရပြီး အတိအကျ မသိရသေးပေ။