Pages

Wednesday, June 22, 2011

တောင်တရုတ်ပင်လယ် အရေးတွင် အာဆီယံ နိုင်ငံများကို တယုတ်ကျွှန်မဖြစ်စေရန်အမေရိကန်က စစ်ရေးနှင့် နိုင်ငံရေး အထောက်အပံ့ တိုးမြှင့် ကူညီရန် မက်ကိန်း တိုက်တွန်း


PDF Print
Wednesday, 22 June 2011 15:08
AddThis Social Bookmark Button
b41213တောင်တရုတ်ပင်လယ်တွင် မတည်ငြိမ်မှုများ မြင့်တက်လာနေချိန်တွင် အရှေ့တောင်အာရှ နိုင်ငံများက တရုတ်ကို ရင်ဆိုင်ရာ၌ အမေရိကန်က စစ်ရေးနှင့် နိုင်ငံရေး အထောက်အပံ့များ ကူညီမှု တိုးမြှင့်သွားရန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက တိုက်တွန်းခဲ့သည်။
ရီပက်ဘလီကန်ပါတီမှ ၀ါရင့် အထက်လွှတ်တော် အမတ် မက်ကိန်းက ထိန်းချုပ်ရန် ခက်ခဲသော ရေပိုင်နက် အတွင်း ကမ်းရိုးတန်းသွား သင်္ဘောများ ချထားရန်နှင့် သတိပေး စနစ် တစ်ရပ် ဆောင်ရွက်ရန် အတွက် အမေရိကန်က အာဆီယံအဖွဲ့ဝင် နိုင်ငံများကို ကူညီသင့်ကြောင်း ပြောကြားခဲ့သည်။ ရေတပ် ကပ္ပတိန်ဟောင်း တစ်ဦး ဖြစ်သော မက်ကိန်းက အငြင်းပွားမှုများကို ခွဲခြား ဖြေရှင်းနိုင်ရန်နှင့် ပို၍ စည်းလုံးသော အဖွဲ့တစ်ဖွဲ့ အဖြစ် ထူထောင်ရန် ကူညီရာတွင် သံတမန် ရေးကိုလည်း အားထားသင့်ကြောင်း ပြောကြားခဲ့သည်။ ''အာဆီယံအဖွဲ့ဝင် နိုင်ငံ အချင်းချင်း တိုက်ပေးပြီး ကွဲလွဲမှုတွေကို အသုံးချပြီး သူ့ရဲ့ အစီအစဉ်ကို အောင်မြင်ဖို့ တရုတ်က ကြိုးပမ်းနေပါတယ်''ဟု မက်ကိန်းက ၀ါရှင်တန်ရှိ အတိုင်ပင်ခံ အဖွဲ့ Center for Strategic and International Studies ကွန်ဖရင့်တွင် ပြောကြားခဲ့သည်။
သဘာဝရင်းမြစ် ကြွယ်ဝသော တောင်တရုတ် ပင်လယ်နှင့် အရှေ့တရုတ် ပင်လယ်တွင် တင်းမာမှုများ မြင့်တက်လာနေသည်။ မကြာသေးခင် ရက်သတ္တပတ်များက ပင်လယ် ရေပိုင်နက် အငြင်းပွားမှုတွင် တင်းမာမှုများ
ဖြစ်ပွားခဲ့ပြီးနောက် ဗီယက်နမ်က ရေတပ် စစ်ရေး လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။ ဖိလစ်ပိုင်ကလည်း အငြင်းပွားနေသော ရေပိုင်နက် အတွင်းသို့ ရေတပ်သင်္ဘောကို စေလွှတ်ရန် စီစဉ်နေကြောင်း ကြေညာခဲ့သည်။
အမေရိကန်နှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးချဲ့နေသော ဗီယက်နမ်က တောင်တရုတ်ပင်လယ် အတွင်း အငြင်းပွားမှုကို ငြိမ်းချမ်းစွာ အဖြေရှာရန် ပူးတွဲ တောင်းဆိုခဲ့သည်။