Pages

Wednesday, June 29, 2011

ပြည်ထောင်စု ဖွတ်ဖြိုးရေးပါတီက ဂျပန်နိုင်ငံသို့လီမ်လယ်ရေးခရီးမ သွားခင်အခြား နိုင်ငံရေးပါတီ ငါးပါတီတို့ တွေ့ဆုံ


PDF Print
Thursday, 30 June 2011 00:43
AddThis Social Bookmark Button
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အခြား နိုင်ငံရေး ပါတီ ငါးပါတီတို့ တွေ့ဆုံခြင်းကို ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအ၀င် အခြား နိုင်ငံရေးပါတီ ငါးပါတီမှ လူငယ်များ ဇူလိုင်လ အတွင်း ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည့် အစီအစဉ်နှင့် ပတ်သက်၍ တွေ့ဆုံခြင်း ဖြစ်သည်။
သွားရောက်မည့် အဖွဲ့တွင် အဖွဲ့ဝင် ၂၀ ဦး ပါဝင်မည် ဖြစ်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ တို့မှ ပါတီဝင် လူငယ်များ ပါဝင်မည် ဖြစ်သည်။ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနှင့်အတူ အခြား ပါတီများမှ အထွေထွေ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပြီး ဂျပန်သွားရောက်မည့် လူငယ်များကို လမ်းညွှန် အကြံပြုချက်များ ပြောကြားခဲ့ကြပါသည်။