Pages

Sunday, June 12, 2011

မြန်မာအရေးနှင့် ပတ်သက်၍ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်း အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ရှေ့မှောက်တွင် ထွက်ဆို

PDF Print
Thursday, 09 June 2011 09:55
AddThis Social Bookmark Button
မြန်မာအရေးနှင့် ပတ်သက်၍ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်းသည် အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ရှေ့မှောက် တွင်  ဇွန်လ ၂ ရက်နေ့က ထွက်ဆိုခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်းသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် အိုဘားမားအစိုးရ၏ ကြိုးစားဆောင်ရွက်နေမှုများ၊ ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးမှုအပါအ၀င် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တိုးတက် ပြောင်းလဲလာမှုများ၊ ၂၀၁၀ ရွေးကောက်ပွဲ၊ အစိုးရသစ်ဖွဲ့စည်းခြင်း စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်းသည် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များအတွက် မြန်မာနိုင်ငံသို့ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလနှင့် ၂၀၁၁ ခုနှစ် မေလကလာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိသူများ၊ ဒေါ်အောင်ဆန်း စုကြည်၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။
အမေရိကန် သမ္မတအိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့် လမ်းစဉ်ကို လည်း ပူးတွဲကျင့်သုံးလာခဲ့သည်။