Pages

Sunday, June 12, 2011

မြန်မာအစိုးရသစ် တက်လာပြီးနောက်ပိုင်း ကုလသမဂ္ဂ ဦးဆောင်၍ မြန်မာမိတ်ဆွေများ အုပ်စုဆွေးနွေးပွဲ ပထမဆုံးအကြိမ် ကျင်းပ


PDF Print
Sunday, 12 June 2011 14:19
AddThis Social Bookmark Button
မြန်မာအစိုးရသစ် တက်လာပြီး နောက်ပိုင်း ကုလသမဂ္ဂ ဦးဆောင်၍ မြန်မာမိတ်ဆွေများ အုပ်စုဆွေးနွေးပွဲ ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပထမဆုံးအကြိမ် အဖြစ် ဇွန် လ ၈ ရက်နေ့က ကျင်းပခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံသို့ မေလက လာရောက်ခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီရာက ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ အား ရှင်းပြခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ရှေ့သို့ တိုးတက်ရွေ့လျားလိုလျှင် နိုင်ငံ၏ အနာဂတ် တည်ဆောက်ရေးတွင် နိုင်ငံသားအားလုံး ပါဝင်ရန် ခွင့်ပြုသင့်သည်ဟု ဆွေးနွေးပွဲအပြီး ထုတ်ပြန် ခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။
‘မြန်မာမိတ်ဆွေများအုပ်စု’ တွင် နိုင်ငံ ၁၄ နိုင်ငံပါဝင်ပြီး ၎င်းတို့မှာ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ရုရှား၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ ပြင် သစ်၊ နော်ဝေ၊ ထိုင်း၊ အိန္ဒိယ၊ ပေါ် တူဂီနှင့် ယူကေတို့ ဖြစ်ကြကာ ‘မြန်မာမိတ်ဆွေများအုပ်စု’ ကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့သည်။
ဗီဂျေးနမ်ဘီရာသည် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတအကြံပေးအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရာ၌ မြန်မာနိုင်ငံတွင် အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း နိုင်ငံကြီးများက သိရှိလက်ခံလာစေရန် ထင်ရှားသိသာသော တိုးတက်မှုများကို ပြသရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့သည် တစ်ဦးနှင့် တစ်ဦး နားလည်မှုများ ပိုမိုတိုးမြှင့်ရရှိရေးတွင် ကုလသမဂ္ဂက ဦးဆောင်၍ (Group of Friends on Myanmar) စားပွဲဝိုင်းဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပါကြောင်း၊ အဆိုပါဆွေးနွေးပွဲများတွင် ပါဝင် ခြင်းဖြင့် မြန်မာနိုင်ငံအပေါ် နားလည် မှု ပိုမိုတိုးပွား