Pages

Sunday, June 5, 2011

တရုတ်နိုင်ငံမှ အသက် ၁၇ နှစ် အရွယ် ကျောင်းသားတစ်ဦး iPad2 ၀ယ်ရန် အတွက် မိမိကျောက်ကပ်ကို ရောင်းချ



Print
Sunday, 05 June 2011 21:05
AddThis Social Bookmark Button
တရုတ်နိုင်ငံရှိ အသက် ၁၇ နှစ် အရွယ် ကျောင်းသား တစ်ဦးသည် iPad2 ၀ယ်ယူရန် အတွက် မိမိ ကျောက်ကပ်ကို ယွမ် ၂၀၀၀၀ ဖြင့် ရောင်းချခဲ့ကြောင်း သိရှိရသည်။ 
ရှောင်ကျန်း အမည်ရ ကျောင်းသားသည် iPad2 ကို လိုချင်ခဲ့သော်လည်း ၎င်းတွင် ပိုက်ဆံ မရှိသဖြင့် မ၀ယ်ယူနိုင်ခဲ့ပေ။ ရှောင်ကျန်းသည် ငွေ ၂၀၀၀၀ အမြန်ရရန် အတွက် ၎င်း၏ကျောက်ကပ်ကို ရောင်းချနိုင်မည့် လူတစ်ဦးကို အွန်လိုင်းတွင် တွေ့ရှိခဲ့သည်။ အဆိုပါ ပုဂ္ဂိုလ်သည် ရှောင်ကျန်းအား ကျောက်ကပ်ရောင်းမည် ဆိုပါက ယွမ် ၂၀၀၀၀ ရရှိနိုင်မည်ဟု ပြောကြားခဲ့သည်။
ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အရောင်းအ၀ယ်လုပ်သည့် လုပ်ငန်းမှ အဖွဲ့ဝင်များဟု ယူဆရသည့် လူသုံးဦးသည် ဟူနန်ပြည်နယ်ရှိ ချန်ကျိုးဆေးရုံတွင် ဧပြီ ၂၈ ရက်နေ့က တွေ့ဆုံခဲ့ ပြီး ရှောင်ကျန်း၏ ကျောက်ကပ်ကို ထုတ်ယူခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လူများသည် ရှောင်ကျန်းအား ယွမ် ၂၀၀၀၀ အပြင် အပိုငွေ အဖြစ် ယွမ် ၂၀၀၀ ပေးခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ဖြစ်ပွားပြီး သုံးရက် အကြာတွင် ရှောင်ကျန်း အိမ်သို့ ပြန်လာရာ၌ လက်တော့ပ်တစ်လုံးနှင့် iPad တစ်ခု ပါလာသည်ကို ၎င်း၏ မိခင်ဖြစ်သူက တွေUရှိခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို မိခင်ဖြစ်သူကို ပြောပြခဲ့သည်။
ရှောင်ကျန်း၏ မိခင်သည် သားဖြစ်သူကို ချန်ကျိုးသို့ ပြန်ခေါ်သွားခဲ့ပြီးနောက် ရဲစခန်းတွင် တိုင်ကြားခဲ့သည်။