Pages

Sunday, June 5, 2011

အစာငတ်ခံဆန္ဒပြခဲ့သောနိုင်ငံရေး အကျဉ်းသားများအား မိသားစုများနှင့် ထောင်ဝင်စာတွေ့ခွင့်များကို ပြန်လည်ခွင့်ပြု သွားမည်ဟုဆိုအကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား


Print
Sunday, 05 June 2011 14:55
AddThis Social Bookmark Button
အင်းစိန် ဗဟိုအကျဉ်းထောင် အတွင်း အစာငတ်ခံ ဆန္ဒပြခဲ့ကြသော အကျဉ်းသားများအား အရေးယူမှုများ ပြုလုပ်မည်မဟုတ်ဘဲ မိသားစုများ နှင့်ထောင်ဝင်စာ တွေ့ခွင့်များကို ပြန်လည်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဖြစ်စဉ်မှာ အင်းစိန်ဗဟို အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား ၁၁ ဦးသည် မေလ ၂၂ ရက်နေ့တွင် နိုင်ငံတော်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အပေါ် မကျေနပ်၍ တောင်းဆိုချက်ခြောက်ချက်ကို ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မေလ ၂၃ ရက်နေ့တွင် အကျဉ်းသားခြောက်ဦးတို့မှာ ထပ်မံ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ရာ အစာငတ်ခံ ဆန္ဒပြသူ အကျဉ်းသား ၁၇ ဦးအထိ ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒပြသူများအနက် မေလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ မိနစ် ၄၀ တွင် သုံးဦး၊ မေလ ၂၄ ရက်နေ့တွင် ခုနစ်ဦးနှင့် မေလ ၂၅ ရက်နေ့ ညနေ ၄ နာရီမှ စတင်ကာ ကျန်သူများ အစာငတ်ခံဆန္ဒပြမှုကို ရပ်ဆိုင်းကာ အစာစားသုံးမှုများ ပြန်လည်ပြုလုပ်ခဲ့ပြီး ယခုအချိန် တွင် အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်း သိရှိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က “ဆန္ဒပြခဲ့ကြသူတွေအားလုံး ကျန်းမာရေး အခြေအနေလည်း ကောင်းပါတယ်။ သူတို့တွေကို အရေးယူမှုတွေ ပြုလုပ်ထားခြင်းလည်း မရှိပါဘူး။ အခုဆိုရင် သူတို့ကို ပုံမှန် ထောင်ဝင်စာတွေ ခွင့်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်စခန်း ၁၀၉ ခု တွင် အကျဉ်းသားဦးရေ ၆၀၀၀၀ ၀န်းကျင်ရှိသည့် အနက် ၁၄၆၀၀ ကျော်ကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် မေလ ၁၇ ရက်နေ့ တွင် လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အင်းစိန်အကျဉ်းထောင် မှ မေလ ၁၇ ရက်နေ့တွင် အကျဉ်း သားဦးရေပေါင်း ၂၅၀၀ ၀န်းကျင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း၊ ထိုသို့လွှတ်ပေးခြင်းသည် အင်းစိန် အကျဉ်းထောင်၏ ပထမအသုတ် အဖြစ် လွှတ်ပေးခြင်းဖြစ်ကြောင်း၊ ကျန်ရှိနေသူများကိုလည်း အဖွဲ့ချင်းစီ အလိုက် စိစစ်မှုများပြုလုပ်ကာ ယခု အချိန်အထိ ဆက်လက်လွှတ်ပေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။