Pages

Tuesday, November 8, 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်ခြင်း၊ မတင်ခြင်း ကိစ္စရပ်ကို နိုဝင်ဘာလ ၁၈ရက်နေ့တွင် ဆုံးဖြတ်မည်

PDF Print
Tuesday, 08 November 2011 14:11
AddThis Social Bookmark Button
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) မှတ်ပုံတင်ခြင်း၊ မတင်ခြင်း ကိစ္စရပ်ကို နိုဝင်ဘာလ ၁၈ရက် နေ့တွင် ဗဟိုဦးစီး အဖွဲ့အစည်းအဝေး ခေါ်ယူပြီး ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းကို နိုဝင်ဘာလ ၈ရက်နေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်ခဲ့သော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ အစည်းအဝေးအပြီး တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။
“ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်အိမ် မှာရှိတဲ့ အစည်းအဝေးခန်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးကို နာမကျန်းဖြစ်နေတဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေက လွဲပြီး အဖွဲ့ဝင်ဆယ်ဦးက ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။ ပါတီမှတ်ပုံတင်မလား၊ မတင်ဘူးလား၊ ရွေးကောက်ပွဲဝင်မလား၊ မ၀င်ဘူးလားဆိုတဲ့ အကြောင်းအရာကိုပဲ ဆွေးနွေးခဲ့ ကြတာဖြစ်ပြီးတော့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်ဖို့ သတ်မှတ်ခဲ့ပါတယ်”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောကြားခဲ့ပါသည်။
နိုဝင်ဘာလ ၈ရက်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သော ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များ၏ အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဒေါ်မေ၀င်းမြင့်၊ ဦးဟံသာမြင့်တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် ပြည်နယ်နှင့်တိုင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့များမှ ရွေးချယ်ထားသော အဖွဲ့ဝင် စုစုပေါင်း ၁၀၆ဦးရှိ ကြောင်းသိရပြီး ၂၀၁၀ပြည့်နှစ် မတ်လ တွင်လည်း အဆိုပါဗဟိုဦးစီး အဖွဲ့ဝင် ၁၀၆ဦးဖြင့် အလားတူကိစ္စရပ်ကို ဆုံးဖြတ်ချက် ချခဲ့ကြောင်း သိရှိရပါသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား အတည်ပြုထုတ်ပြန်သည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်မည်၊ မတင် မည်ကို အစည်းအဝေး ခေါ်ယူဆုံးဖြတ်မည် ဟု ပြီးခဲ့သည့် လအတွင်းက ပြောဆိုခဲ့ပါသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ နိုဝင်ဘာလ ၄ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး အတည်ပြု ထုတ်ပြန်ခဲ့ပါသည်။
မူလက ပြဌာန်းထားသော နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေကို အချက်သုံးချက် ပြင်ဆင်ထားပြီး ထိုပြင်ဆင်ချက်များမှာ ပါတီဝင်များသည် ထောင်ဒဏ်ကျခံရသူများ မဟုတ်ရဟူသော ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီး ပါတီတစ်ခုသည် ရွေးကောက်ပွဲများတွင် အနည်းဆုံး သုံးနေရာ ၀င်ပြိုင်ရမည် ဟူသော ကန့်သတ်ချက်ကို ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော ပါတီအသစ်များနှင့် သက်ဆိုင်မှု မရှိ ဟု ပြင်ဆင်လိုက်သည့် နည်းတူ ဖွဲ့စည်းပုံ အခြေခံဥပဒေကို “ထိန်းသိမ်း စောင့်ရှောက်ရမည်”ဟူသော စကား ရပ်အား “လေးစားလိုက်နာရမည်”ဟု ပြင်ဆင်လိုက် ခြင်းဖြစ်ပါသည်။