Pages

Friday, November 11, 2011

၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနား ရန်ကုန်မြို့  တွင်ကျင်းပ

၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနား ရန်ကုန်မြို့  ဆီဒိုးနားဟိုတယ်တွင်ကျင်းပ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သ၀ဏ်လွှာ ပေးပို့ PDF Print
Friday, 11 November 2011 23:23
AddThis Social Bookmark Button

wideview
၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

အခမ်းအနားတွင် အနာဂတ် မြန်မာနိုင်ငံအတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းခြင်းကို ဦးဇာဂနာ၊ လှုမှုရေးအသင်းအဖွဲ့များကိုယ်စား နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ သတင်းမီဒီယာများကိုယ်စား ပြည်သူ့ခေတ်ဂျာနယ်၏ အယ် ဒီတာချုပ် ဒေါက်တာဖေမြင့်၊ NGO အဖွဲ့များကိုယ်စား ဒေါက်တာကျော်သူ၊ စီးပွားရေးလုပ်ငန်းရှင်များကိုယ်စား ဒဂုံဆိပ်ကမ်းစက်မှုဇုန် အတွင်းရေးမှူး ဦးကျော်သူ၊ တိုင်းရင်းသားများကိုယ်စား ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကိုယ်စား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကို ဌေးကြွယ်၏ ညီမ မခင်မိမိကြွယ်၊ လူငယ်နိုင်ငံရေးသမားများကိုယ်စား Generation Wave မှ ကိုဇေယျာသော်၊ လူငယ်အနုပညာရှင်များကိုယ်စား သရုပ်ဆောင် အဆိုတော် ချစ်သုဝေ၊ အလုပ်သမားများကိုယ်စား လှိုင်သာယာမှ ကိုအောင်ထွန်း၊ လယ်သမားများကိုယ်စား တွံတေးမှ ကိုဇော်မင်းထွန်းစသည့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ကိုယ်စားပြုပုဂ္ဂိုလ် ၁၁ ဦးက ဦးစွာပြုလုပ်ခဲ့ကြသည်။
all
pray1

ထို့နောက် ဦးဇာဂနာက  "ကျွန်တော် တကယ် အမှန်ပြောရရင်တော့ ဆုမတောင်းတော့ပါဘူး။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်ဆိုတဲ့ စကားကို ကျွန်တော် မကြိုက်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ရင်ထဲမှာမတူညီတဲ့ဆန္ဒတွေ အားလုံးရှိနေကြမှာ ဖြစ်ပါတယ်။ အဲဒီမတူညီတဲ့ဆန္ဒတွေ အားလုံး ဒီကနေ့ကစပြီး ပြည့်ကြပါစေလို့ ကျွန်တော် ဆုတောင်း ပေးချင်ပါတယ် ခင်ဗျာ" ဟု ပြောကြားခဲ့သည်။

ထို့နောက် ဆရာဇော်ဂျီ၏ "သင်သေသွားသော်" ကဗျာအား အဆိုပါပုဂ္ဂိုလ် ၁၁ ဦးက ရွတ်ဆိုခဲ့ကြသည်။
pray2

ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပေးပို့လာသည့် သ၀ဏ်လွှာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဖတ်ကြားခဲ့ရာ ယင်းသ၀ဏ်လွှာ အပြည့်အစုံမှာ "အရာခပ်သိမ်းသည် အမြဲ မပြတ် ပြောင်းလဲနေသည်။ ကာလဒေသအခြေအနေနှင့် လိုက်လျောညီထွေရှိသော ပြုပြင်ပြောင်းလဲမှုဖြစ်ရေးသည် မိမိတို့ မြန်မာ့လူဘောင်အဖွဲ့အစည်းအတွင်း သက်ဝင်လှုပ်ရှားရန် လိုသည်။ ထိုလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ပြုလုပ်နေမှသာ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ အမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လိုအပ်မည့် ပြုပြင်ပြောင်းလဲမှုများကို ငြိမ်းချမ်းစွာဆောင်ရွက်နေကြသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုရမည်ဖြစ်ပါသည်။" ဟူ၍ဖြစ်သည်။

အခမ်းအနားတွင် ဆရာမကြီး ပါမောက္ခဒေါက်တာဒေါ်မြင့်မြင့်ခင်က အမှတ်တရစကားပြောကြားခဲ့သည်။ ယင်းအပြင် ကိုမင်းကိုနိုင်၏ မိခင်ဒေါ်လှကြည်ကလည်း အမှတ်တရစကားပြောကြားခဲ့သည်။

ထို့နောက် Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့သည်။
reserve1

အခမ်းအနားသို့ ဂုဏ်ပြုရန် မတက်ရောက်နိုင်သေးသည့်သူများ၊ ဂုဏ်ပြုခံနိုင်သည့်နေရာတွင် မရှိသည့်သူများ၊ ဘ၀ကို အသက်ပေးပြီး စွန့်လွှတ်အနစ်နာခံခဲ့ရသူများ အားလုံးကို ဂုဏ်ပြုသည့်အနေဖြင့် စားပွဲနံပါတ် ၁၁ ကို နေရာ လွတ်အဖြစ် ထားရှိပြီး ၎င်းတို့ ကိုယ်စား ဂုဏ်ပြုစီစဉ်ထားရှိခဲ့ကာ ယုံကြည်ချက်ကြောင့် အကျဉ်းခံနေရသူများ၏ မိသားစုဝင်များက အဆိုပါစားပွဲဝိုင်းတွင် ဆုတောင်းခဲ့ကြသည်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ည ၆ နာရီ ၃၀ မိနစ်မှ ည ၉ နာရီ ၃၀ မိနစ် အထိ ကျင်းပခဲ့သည့် ၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြု ဆုတောင်းပွဲ အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတော်သမ္မတ အကြံပေးများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန် များ၊ INGO နှင့် NGO များမှ ကိုယ်စားလှယ်များ၊ စာရေးဆရာများ၊ ပြည်တွင်းပြည်ပသတင်းမီဒီယာများ၊ အနုပညာရှင်များ၊ ပြည်သူများ ၇၀၀ ကျော် တက်ရောက်ခဲ့ကြသည်