Pages

Saturday, December 3, 2011

ဒေါ်အောင်ဆန်းစုကြည် ၏ လမ်းညွှန်စီစဉ်မှုဖြင့်ဂီတပညာရှင်များစွာ ပါဝင်မည့် လူထုစိတ်ဓာတ်ခွန်အား ဖြစ်စေသော သီချင်းများ ပါဝင်သည့် တေးအယ်လ်ဘမ် စတင်စီစဉ်

PDF Print
Thursday, 01 December 2011 10:45
AddThis Social Bookmark Button
e4354 ဂီတပညာရှင်များစွာ ပါဝင်မည့် လူထုစိတ်ဓာတ်ခွန်အား ဖြစ်စေသော သီချင်းများပါဝင်သည့် တေးအယ်လ်ဘမ်ကို နိုဝင်ဘာလ၂၈ ရက်နေ့က Metal  Zone  Studio ၌ စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ အယ်လ်ဘမ်တွင် တေးသီချင်းပေါင်း ၂၀ ပါဝင်ရန် စီစဉ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် ၏ လမ်းညွှန်စီစဉ်မှုဖြင့် လုပ်ဆောင်သော တေးအယ်လ်ဘမ်ဖြစ်ကြောင်း သိရှိရသည်။
“အန်တီက ဂီတသမားတွေနဲ့ တွေ့ချင်တယ် ပြောလို့ သွားတွေ့တာပါ။ အဲဒီမှာ အန်တီက စိတ်ဓာတ်ကောင်းတွေ ရှင်သန်နိုးကြားပြီး တိုင်းပြည်အကျိုးပြု တေးသီချင်းတွေလုပ်ဖို့ ပြောပါတယ်။ အန်တီပြောတာလည်း ရှင်းပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်ဖို့ တေးသီချင်းတွေက NLD လူငယ်တွေရေးပြီး လုပ်ကြမယ်။ အခုခွေက မြန်မာတစ်မျိုးသားလုံးရဲ့ စိတ်ဓာတ်ကောင်းတွေနဲ့အတူ စုစုစည်းစည်းနဲ့ အနာဂတ်နိုင်ငံတော်သစ်ဆီ သွားဖို့ဆိုတဲ့ စိတ်တွေနဲ့ အခုခွေကို ဖန်တီးကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ထည့်ဖို့စိတ်ကူးထားတဲ့ တေးသီချင်းတချို့ကို ဒီနေ့ခေတ်ပုံစံနဲ့ ကိုက်ညီမယ့်ပုံတွေကို လုပ်ကိုင်ကြည့် ကြတဲ့သဘောပါ”ဟု တေးရေးရွှေဂျော်ဂျော်က ဆိုပါသည်။
အဆိုပါစီးရီးအတွက် Music Producer များအဖြစ် ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ ကိုသားထွေး၊ ကိုညီညီသွင်၊ ရွှေဂျော်ဂျော်နှင့် နောင်နောင်(ဆန်းဖလားဝါး)၊ ဆောင်းဦးလှိုင်တို့က ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က ဒီစီးရီးခွေထဲ မှာ တေးသီချင်းတွေ ပါဝင်ရေးသားတာမျိုး ဆိုတာကထက် ပြည်သူတွေသိ သင့်တဲ့ ကိုယ့်ကျင့်တရားနဲ့ ဆိုင်တဲ့ မီးမောင်းထိုးပြစရာတွေကို တင်ပြမှာဖြစ် သလို အနှစ်ချုပ်အနေနဲ့ ပြောရမယ်ဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံတော်သစ် ဆီသွားဖို့အတွက် အပြုသဘောဆောင်တဲ့ တေးသီချင်းတွေကို အစွန်းလေးတွေမပါ ၀င်အောင် တင်ပြနိုင်ဖို့နဲ့လိုက်ဖက်တဲ့ တီးဝိုင်း၊ တင်ပြတဲ့မူရင်း အနှစ်သာရ၊ ဂီတသီအိုရီတွေကို ကောင်းမွန်ဖို့အတွက် ကျွန်တော်တို့တွေ ၀င်ရပ်တာဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ကောင်း မဟုတ်ဘဲ အားလုံး စုစုစည်းစည်းနဲ့ လုပ်ကြမယ့် စီးရီးခွေလေးပါ”ဟုနောင် နောင်(SF)က ဆိုပါသည်။
ယင်းစီးရီးအတွက် Mother Studio နှင့် တီးဝိုင်းအဖြစ် Metal Zone တွင် လုပ်ကိုင်မည်ဖြစ်ကာ တိုင်းပြည်စည်းလုံး ညီညွတ်မှု၊ လူငယ်နဲ့ အနာဂတ်၊ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးများ၏ အခွင့်အရေးနှင့်ကလေး သူငယ်နွေးထွေး လုံခြုံမှု စသော အကြောင်းအရာများကို ခေတ်ပေါ်ဂီတ ပုံစံများ သာမက အမျိုးသားရေးဆန်တဲ့ ဂီတလက္ခဏာများကိုပါ ထည့်သွင်းစီစဉ် ကြမည်ဖြစ်သည်။
စီးရီးနှစ်ချပ်စာ စီစဉ်မည့် အဆိုပါ အယ်လ်ဘမ်ကို တိပ်၊ စီဒီမှဒီဗီဒီ အထိ လုပ်ဆောင်မည်ဖြစ်ကာ တစ်ချိန် ကထင်ရှားခဲ့သော ဇာတိမာန်နိုးကြားစေသော တေးသီချင်းအချို့ကိုလည်း ပြန်လည် ထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။
Eleven News Medငa မှ ကူးယူတင်ပြပါသည်