Pages

Friday, December 16, 2011

တိုင်းမ်မဂ္ဂဇင်းက ယခုနှစ် Person of the Year အဖြစ် ကမ္ဘာတစ်ဝန်းမှ ကန့်ကွက်ဆန္ဒပြသူများကို ရွေးချယ်


PDF Print
Thursday, 15 December 2011 00:04
AddThis Social Bookmark Button
b37_22 တိုင်းမ်(Time)မဂ္ဂဇင်းက ယခုနှစ်အတွက် အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် ကမ္ဘာတစ်ဝန်းမှ ကန့်ကွက်ဆန္ဒပြသူများကို ရွေးချယ်ခဲ့သည်။ အာရပ်နိုင်ငံများမှသည် နယူးယောက်ထိ ကမ္ဘာတစ်ဝန်းမှ ဆန္ဒပြသူများသည် အပြောင်းအလဲများကို ယူဆောင်လာခဲ့ကြကြောင်း တိုင်းမ်က မှတ်တမ်း တင်ခဲ့သည်။
''ဒီဆန္ဒပြမှုတွေက ကူးစက်ပါတယ်။ ဆန္ဒပြသူတွေဟာ သမိုင်းကို ပြောင်းလဲစေခဲ့ပြီးဖြစ်သလို အနာဂတ်မှာလည်း သမိုင်းကို ပြောင်းလဲစေမှာပါ''ဟု တိုင်းမ်၏ မန်နေဂျင်းအယ်ဒီတာ ရစ်ချက်စတန်ဂယ်လ်က NBC ရုပ်သံတွင် ပြောကြားခဲ့သည်။
အာရပ်အမျိုးသမီးဆန္ဒပြသူတစ်ဦး၏ မျက်နှာဖုံးဓာတ်ပုံပါသော အထိမ်းအမှတ်မဂ္ဂဇင်းကို ဒီဇင်ဘာ ၁၆ ရက်နေ့တွင် အရောင်းဆိုင်များ၌ စတင်ရောင်းချမည်ဖြစ်သည်။
အယ်ကေဒါးအဖွဲ့ တည်ထောင်သူ အိုစမာဘင်လာဒင်ကို နှိမ်နှင်းခဲ့သည့်စစ်ဆင်ရေးကို ဦးစီးခဲ့သော အမေရိကန်တပ်မှူး ၀ီလျံမက်ခရေးဗင်အပါအ၀င် သမားရိုးကျတစ်သီး ပုဂ္ဂလပြိုင်ဘက်များကို ကျော်ဖြတ်ကာ ကန့်ကွက်ဆန္ဒပြသူများက စုပေါင်းဂုဏ်ပြုခံခဲ့ရခြင်း ဖြစ်သည်။
ယခုနှစ် အထင်ရှားဆုံးသူများစာရင်းတွင် မက်ခရေးဗင်၊ တရုတ် အတိုက်အခံသဘောထားကွဲလွဲသူ အိုက်ဝေေ၀၊ ရီပတ်ဘလီကန်အမတ် ပေါရိုင်ယန်တို့ကဲ့သို့ သြဇာကြီးသော နိုင်ငံရေးသမားများပါဝင်ခဲ့သလို ၀ီလျံမင်းသား နှင့် လက်ထပ်ခဲ့သော ကိတ်မစ်ဒယ်တန်ကဲ့သို့ ကျော်ကြားသူများလည်း ပါဝင်ခဲ့သည်။ သို့သော်လည်း ရွေးချယ်ရေးကော်မတီက ဆန္ဒပြသူများကို တညီတညွတ်တည်း ရွေးချယ်ခဲ့ကြသည်။ ''ကမ္ဘာတစ်ဝန်းက အမျိုးသား၊ အမျိုးသမီးတွေ အထူးသဖြင့် အရှေ့အလယ်ပိုင်းမှာ အစိုးရအဖွဲ့တွေကို ဖြုတ်ချခဲ့တဲ့သူတွေ၊ ဒီမိုကရေစီကို ယူဆောင်လာပေးတဲ့သူတွေ၊ ပြည်သူတွေကို အရင်က မရခဲ့ဖူးတဲ့ ဂုဏ်သိက္ခာယူဆောင်လာပေးတဲ့သူတွေကို ရွေးချယ်ခဲ့ကြောင်း "စတန်ဂယ်က ပြောကြားခဲ့သည်။
တိုင်းမဂ္ဂဇင်းသည် တစ်နှစ်တာ အထင်ရှားဆုံးသူကို ၁၉၂၇ ခုနှစ်မှစ၍ ရွေးချယ်ဂုဏ်ပြုခဲ့သည်။ ယမန်နှစ်က လူမှုကွန်ရက်ဝက်ဘ်ဆိုက် facebook ကိုတည်ထောင်သူ မက်ဇက်ကာဘာ့ဂ်ျအား ရွေးချယ်ခဲ့သည်။ ယခုနှစ်အတွင်း အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သလို စပိန်၊ ဂရိ၊ အစ္စရေးနှင့် အခြာနိုင်ငံများတွင်  ခြစားမှုများ၊ စီးပွားရေးကျဆင်းမှုများကို ဆန္ဒပြခဲ့ကြသည်။ စက်တင်ဘာလက နယူးယောက်တွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး အခြားမြို့များကိုပါ ပျံ့နှံ့ခဲ့သည်။ ပြီးခဲ့သည့်ရက်များအတွင်း ရုရှားတွင် ရွေးကောက်ပွဲမသမာမှုများကို ကန့်ကွက်ဆန္ဒပြမှု ရှားရှားပါးပါး ဖြစ်ပွားခဲ့သည်။