December 16, 2009 · Leave a Comment
၁၆ ဒီဇင်ဘာ ဘန်ကောက်၊ ၊Freedom News Group
Is Myanmar Networking Illegal Armed Trade ?

မြောက်ကိုရီးယားမှာသယ်ဆောင်လာသည့် လက်နက်တန်ချိန် ၃၅ တန် ကို လေယာဉ်ပေါ်မှ သယ်ချနေစဉ် ဓာတ်ပုံ-အေပီ
အမေရိကန် နိုင်ငံ၏ သတင်းပေးမှုကြောင့် ဖမ်းဆီးရရှိခဲ့သော ထိုလေယာဉ် သည် အာဖရိက သို့ မဟုတ် ပါကစ္စတန် နိုင်ငံသို့ ကွန်မြူနစ်ဝါဒ ကျင့် သုံးသည့် အထီးကျန် မြောက်ကိုရီးယားနိုင် ငံမှ ဒုံးလက်နက်များတင် ပို့ ရန် ဖြစ်သည်။

ကမ္ဘာ့ လုံခြုံရေး အတွက် အန္တရာယ်ရှိသည် ဟု အမေရိကန် ကယူဆသည့် လက်နက်တင်
လေယာဉ် သည် ကွန်မြူနစ် မြောက်ကိုးရီးယား၏ လက်နက်ဖောက်သည် နိုင်ငံများဖြစ်သည့် သီရီလင်္ကာ၊မြန်မာ တို့ တွင် ဆီဝင်ဖြည့်ရန် ကြိုတင် စီစဉ်ခဲ့သော်လည်း
ပြုံယမ်းမှ အထွက်မှာပင် ရာသီဥတု မကောင်းမှု ကြောင့် ၎င်း၏ အိုမင်းလှသော အင်ဂျင်လေးလုံသည် သာမန် ထက်ပို၍ အလုပ်လုပ်ခဲ့ရသဖြင့် လောင်စာဆီ မလောက်ငှာမှု
ပြဿနာ ပေါ်ပေါက်သွားခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
ဒွန်မောင်းတွင် ထိုင်းလုံခြုံရေးအဖွဲ့ များက အီလျှာရှင် ကို စစ်ဆေးစဉ် လောင်စာတိုင်ကီထဲရှိ ဆီလက်ကျန်မှာ ရန်ကုန် မြို့ လောက်ထိ ဆက်လက်မောင်းနှင်းနိုင်သေးသော် လည်း လေယာဉ်မှုးကြီး၏ စိုးရိမ်ပူပန် မှုကြောင့် သေကွင်းကို မှ ဖြတ်ပြေးမိခြင်း ဖြစ်သည် ဟု ယူဆကြသည်။
မြန်မာနိုင်ငံ သို့ ဦးတည် မောင်နှင်လာသည့် ပြီးခဲ့သည့် ဇွန်လ က ကန်နမ် သင်္ဘောလက်ထက် ကိစ္စကတည်းက ရေငုံနှုတ်ပိတ်ရှိလှ သည့် မြန်မာ အစိုးရမှာ ယခုကဲ့သို့ အကျယ်ကျယ် မငြိမ်းဖွယ် ကိစ္စများတွင် အတိတ်မေ့ သလို ၊ရွှေထုပ်ကောက်ရသလို မျိုး ခပ်မဆိတ် နေမည် မှာ မြေကြီးလက်ခတ်မလွဲ သေချာကြောင်း မြန်မာ နိုင်ငံသို့ ကြိမ်ဖန်များစွာ ရောက်ဖူးသည့် အမေရိကန် အစိုးရအရာရှိတစ်ဦးက Freedom News Group သို့ ပြောသည်။

ဖမ်းဆီးခံထားရသည့်လေယာဉ်မှုးများ
အီလာရှင် ၇၆ ၏ ဘန်ကောက် ပြဿနာသည် အမေရိကန် အစိုးရအတွက် သာမန် ပြဿနာ မဟုတ်ဘူး ဟု သဘောထားလျှင် မြန်မာ နိုင်ငံသည် နိုင်ငံတကာလက်နက် မှောင်ခိုဈေးကွက်တွင် မည်မျှ အတွေ့ အကြုံရှိပြီး ဖြစ်သနည်း ဆိုသည် မှာ မိုင်ရှစ်ထောင်ခန့် ဝေးသော အမေရိကန် ထက် ဒေသတွင်း နိုင်ငံများက ပိုမိုစိုးရိမ်စရာကောင်းလှသည်။
သေကြာနေ့ က ပြုံးယမ်မှ ထွက်လာသော မိတ်ဆွေ မြောက်ကိုရီယား နိုင်ငံ၏ အီလာရှင် ၇၆ လေယာဉ် အား နေပြည်တော်မှ မိတ်ဆွေများက ဗေဒင်၊ယတြာ မချေ ပေး ခဲ့ မိခြင်းကြောင့် ခရီးလမ်း တွင် အနှောင့် အယှက် တွေ့ ပုံရသည် ဟု အမေရိကန် စစ်သားဟောင်းကြီးက ရယ်မော ၍ Freedom News Group သို့  ပြောသည်။