Pages

Saturday, December 26, 2009

အယ်လ်ကိုင်းဒါ နှင့် ဆက်စပ်သည့် ဗြိတိန် ကျောင်းသား အမေရိကန် လေယာဉ်အား ဖေါက်ခွဲမှု လုပ်

E-mail Print PDF
alt မအောင်မြင်သည့် ဖေါက်ခွဲမှု ပြုလုပ်ခဲ့သဖြင့် ဒက်ထရွိုက် မက်ထရိုပိုလီတန် လေဆိပ်တွင် အရေးပေါ်ဆင်းသက် လိုက်ရသော ဒယ်လ်တာ လေကြောင်းလိုင်း အဲယားဘတ်(စ်) ၃၃၀ @ ( ဓါတ်ပုံ - ရိုက်တာ သတင်းဋ္ဌာန )
နယ်သာလန် နိုင်ငံမှ အမေရိကန်နိုင်ငံ ဒက်ထရွိုက် မြို့ဆီ ပျံသန်းလာသော နော့သ်ဝက်(စ်) လေကြောင်းလိုင်းပိုင် ဒယ်လ်တာ လေယာဉ် ခရီးစဉ် အမှတ် ၂၅၃ မှာ အယ်လ်ကိုင်ဒါနှင့် ဆက်စပ်မှု ရှိသည်ဟု ယူဆရသော
အသက် ၂၃နှစ် အရွယ် နိုင်ဂျီးရီးယား နိုင်ငံသား တဦးမှ လေယာဉ်ပေါ်တွင် မအောင်မြင်သော ဖေါက်ခွဲမှု ပြုလုပ်ခဲ့ သဖြင့် ဒက်ထရွိုက် မက်ထရိုပိုလီတန် လေဆိပ်သို့ သောကြာနေ့ နေ့လည်က အရေးပေါ် ဆင်းသက် လိုက်ရသည်။
အမေရိကန်နိုင်ငံပြည်ထဲရေးဋ္ဌာနမှ လွှတ်တော်အမတ် ပီတာကင်းမှ ထုတ်ဖေါ် ပြောကြားရာတွင် အကြမ်ဖက် သမားမှာ နိုင်ဂျီးရီးယား နိုင်ငံသား အူမာဖါရွတ် အဘ္ဘဒူ မူတာလဒ် ဆိုသူဖြစ်ပြီး နိုင်ငံတကာ အကြမ်းဖက် သမားများ လေယာဉ် စီးခွင့် ပိတ်ပင်ထားသော စာရင်းတွင် မပါဝင်ဘဲ၊ ယခု ဖေါက်ခွဲရေး ပစ္စည်းမှာ ယီမင်နိုင်ငံမှ ရောက်ရှိလာကာ ထိုလူငယ်မှာ လန်ဒန် အင်ဂျင်နီယာ တက္ကသိုလ် တခုတွင် ကျောင်းတက်နေသူဟု ဆိုသည်။
ယခု ခရစ္စမတ်နေ့ ဖြစ်ရပ်ကြောင့် နိုင်ငံတကာ ခရီးစဉ်များ ခရီးသွားများထံ အမေရိကန်မှ လုံခြုံရေးဆိုင်ရာ တပ်လှန့် ထားလိုက်ပြီး၊ ခရစ္စမတ် အပမ်းဖြေခရီး ဟာဝိုင်ယီသို့ ရောက်ရှိနေသော အမေရိကန် သမ္မတ ဘားရက် အိုဘားမား မှလည်း တိုက်ရိုက်ကိုင်တွယ် ညွှန်ကြား လျှက်ရှိသည်ဟု အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူ ဘီလ်ဘာတန်မှ ဆိုသည်။
အကြမ်းဖက်သူမှာ နိုင်ဂျီးရီးယား နိုင်ငံ လာဂို့(စ်)မှ KLM Flight 588 နှင့် နယ်သာလန် နိုင်ငံ အမ်စတာဒမ်တွင် ဒယ်လ်တာ လေကြောင်း လိုင်းသို့ လေယာဉ်ပြောင်းစီးပြီး အမေရိကန်နိုင်ငံ ဒက်ထရွိုက်သို့ ဦးတည် ပျံသန်းလာခြင်းဟု ဆိုသည်။ ခရီးသည် ၂၇၈ဦးနှင့် လေယာဉ် အမှုထမ်း ၁၁ဦး တင်ဆောင်လာသော အဲယားဘတ်(စ်) ၃၃၀ အမျိုးအစား လေယာဉ်တွင် လိုက်ပါလာသော အူမာဖါရွတ် အဘ္ဘဒူ မူတာလဒ်မှာ လေဆိပ်လုံခြုံရေး ကင်မရာ၊ စစ်ဆေးရေး ကိရိယာများအား ဖြတ်ကျော်နိုင်ရန် နည်းလမ်းသစ်ဖြင့် ပေါင်ဒါ အမှုန့်တမျိုးကို ခြေထောက်တွင် တိပ်နှင့် ပတ်ကာ သယ်ဆောင်လာသည်ဟု ကျွမ်းကျင်သူ ပညာရှင်တဦးမှ ဆိုသည်။
ထို့နောက် ထိုအမှုန့်ရှိရာကို ဓါတုဗေဒ အရည်တမျိုးအား ဆေးထိုးအပ်ဖြင့် ထိုးသွင်း ဓါတ်ပြုစေကာ မီးကူးစေသည့် ကိရိယာဖြင့် ဖေါက်ခွဲမည် လုပ်စဉ် လွဲချော်မှုဖြစ်၍ မပေါက်ကွဲဘဲ အူမာဖါရွတ် အဘ္ဘဒူ မူတာလဒ် ၏ ခြေထောက်ကိုသာ မီး အကြီးအကျယ် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု အေဘီစီ ရုပ်မြင်သံကြားတွင် အကြမ်ဖက်ရန် ကာကွယ်ရေးဋ္ဌာနမှ ဒေါက်တာ ဆယ်လီ လေဗက်စလီ က ပြောဆို သွားခဲ့သည်။
မျက်မြင် သက်သေများ ပြောဆိုချက်အရ “အာဖဂန်နစ္စတန်” ဟု အော်သံကြီး ကြားရပြီး မီးခိုးလုံးကြီးများ မီတောက် မီးလျှံများ လေယာဉ် ပေါ်တွင် တွေ့မြင် လိုက်ရသည်ဟု ဆိုသည်။ ထိုလေယာဉ်ပါ ခရီးသည်ဖြစ်သူ မယ်လင်ဒါ ဒဲနစ် ပြောပြချက်အရ ထိုအကြမ်းဖက် သမားမှာ ခြေထောက်တွင် မီးလောင်ကျွမ်းမှုကြောင့် အကြီးအကျယ် ဒဏ်ရာ ရရှိသွားပြီး မီးသတ်ဘူးများ၊ ရေများဖြင့်လည်း ငြိမ်းသတ် ပေးခဲ့ရသေးသည့် ဆို၏။ ယင်းဖြစ်ရပ်မှာ ဒက်ထရွိုက်မြို့ မရောက်ခင် မိနစ်၂၀ အလို အမေရိကန်နိုင်ငံ ကောင်းကင်ယံတွင် ဖြစ်ပွား ခဲ့ရခြင်း ဖြစ်သည်။

Wednesday, December 23, 2009

တိုကျိုလေဆိပ်တွင် သောင်တင်နေသူ တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ အင်တာနက် သုံး၍ တွီတာမှ ထောက်ခံမှုရနေ

E-mail Print PDF
alt တိုကျို၊ နာရီတာလေဆိပ် တာမီနယ်(၁) အနီး ခရီးဆောင် အိတ်သယ်၍ ခေါက်တုန့်ခေါက်ပြန် လျှောက်၍ နေသည်မှာ ရက်ပေါင်း ၅၀ ရှိပြီ ဖြစ်သော တရုတ်လူ့အခွင့် အရေးလှုပ်ရှားသူ ဖန်ဇန်ဂူး @ ( AP Photo/Koji Sasahara )
တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်သည့် ဖန်ဇန်ဂူက ၎င်းသည် တိုကျို နိုင်ငံတကာ လေဆိပ် အတွင်းတွင်ပင် ခရစ္စမတ် ကာလနှင့် နှစ်သစ်ကူး တို့ကို ဖြတ်ကျော် ကုန်ဆုံးစေဖွယ် ရှိကြောင်း ပြောကြားလိုက်သည်။
ဖန်သည် နိုင်ငံရပ်ခြားသို့ ခရီးသွား၍ ပြည်တော်ပြန်ရာမှ နိုဝင်ဘာ (၄)ရက်နေ့ ကတည်းက တရုတ် အာဏာပိုင်များက ဂျပန်သို့ ပျံသန်းသည့် လေယာဉ်ပေါ် အတင်းပြန်တင် ပေးပြီး ပြည်ဝင်ခွင့် ငြင်းဆန် ခံထားရသူ ဖြစ်သည်။
ယခုအခါ တိုကျို လေဆိပ်တွင် နေထိုင်သည့် ရက်ပေါင်း (၅၀)ကျော် သွားပြီဖြစ်သည်။ ၎င်းအနေနှင့် ထိုရက်များ အတွင်း လူပေါင်းများစွာ ဖြတ်သန်း သွားလာနေမှုကို စောင့်ကြည့်ရင်း ခရက်ကာနှင့် ခေါက်ဆွဲခြောက် များကိုသာ စားသောက် ခဲ့ရသည်။
ထို့အပြင် လေဆိပ်ရှိ အပြာရောင် ခုံတန်းလေး တခုကို ကျောခင်းကာ ညများစွာကို ဖြတ်သန်းခဲ့ရပြီး၊ ဖန်၏ ဖြစ်ရပ်သည် ကမ္ဘာကျော်မင်းသား တွမ်ဟင့် သရုပ်ဆောင်ထားသည့် The Terminal ရုပ်ရှင်နှင့် ခပ်ဆင်ဆင် တူညီလျှက် ရှိသည်။ သို့သော်လည်း ဖန်မှာမူ  တရုတ် Passport ကိုင်ဆောင် ထားကာ တရုတ်နှင့်  ဂျပန် ပြည်ဝင်ခွင့် ရောငြင်းဆန်ခံထားရသူ ဖြစ်သည်။
၎င်းသည် ဂျပန်ဗီဇာ ရှိလျှက်နှင့်ပင် တရုတ် အစိုးရ၏ ပြည်ဝင်ခွင့် ငြင်းဆန်မှုကို ဆန္ဒပြသည့် အနေနှင့် လေဆိပ်အတွင်း နေထိုင်ခြင်း ဖြစ်ပြီး၊ မိမိသည် တရုတ်နိုင်ငံသား တဦးဖြစ်သဖြင့် နိုင်ငံအတွင်း ပြန်ဝင်ရန် အခွင့်အရေး ရှိကြောင်း ဖန်က ဆိုသည်။ ဖန်သည် လေဆိပ်မှ Wifi စံနစ်ကို အသုံးပြုကာ ယူလာသော Laptop ကွန်ပြူတာ၊ မိုဘိုင်းဖုန်း များဖြင့် ၎င်းအား ထောက်ခံသူ များနှင့် ဆက်သွယ် မိသည်ဟု ဆိုသည်။
ဖန်သည် Twitter လူမှုရေး အင်တာနက် စာမျက်နှာကို အသုံးပြုကာ ၎င်း၏ဆန္ဒြ့ပမှုကို ဖော်ပြထားရာ ထောက်ခံသူပေါင်း (၈၅၀၀)ကျော် ရရှိနေပြီဟု သိရှိရသည်။ အသက် (၅၅)နှစ် ရှိ ဖန်သည် ဒီဇင်ဘာ (၂၃)ရက် နေ့တွင် လက်ရေးဖြင့် အင်္ဂလိပ်လို Return to China ဟု ရေးထားသည့် တီရှပ်ကို ၀တ်ဆင်ကာ AP သတင်းဌာနနှင့် အင်တာဗျူး ခံခဲ့သေးသည်။
၎င်းသည် ဇွန်လ ကတည်းက တရုတ်ပြည်သို့ ပြန်ရန် (၉)ကြိမ် ကြိုးပမ်းခဲ့ရာ အကြိမ်ကြိမ် ပယ်ချ ခံခဲ့ရကြောင်း ၀န်ခံ ပြောဆိုလိုက်သည်၊  ဖန်သည် တရုတ်နိုင်ငံတွင် လူ့အခွင့်အရေး လှုပ်ရှားမှုဖြင့် ထောင်(၃)နှစ် ကျဖူးသူဖြစ်ပြီး တရုတ်အစိုးရ အာဏာပိုင် များကမူ ဖန်၏ကိစ္စနှင့် ပတ်သက်ပြီး ထင်ထင်ရှားရှား မှတ်ချက် ပေးမှုမျိုး မပြုလုပ်ဘဲ ရှောင်လွှဲ နေခဲ့ကြောင်း သတင်း ရရှိသည်။
Online Journal

Tuesday, December 22, 2009

ရှန်ဟိုင်းမြေအောက် ရထားလိုင်းတွင် လျှပ်စစ် ပြတ်တောက်၍ ရထား နှစ်စင်း တိုက်မိ






22/Dec/2009



      အင်္ဂါနေ့ နံနက် ၆ နာရီခန့်တွင် တရုတ်နိုင်ငံရှန်ဟိုင်းမြို့ မြေအောက်

ရထားလိုင်းအမှတ် ၁ တွင် လျှပ်စစ်ဓါတ်အားလိုင်း  ချွတ်ယွင်းမှုကြောင့် ရ

ထားနှစ်စီး တိုက်မိပြီးလျှင် မြေအောက်ရထားလမ်းစနစ်တစ်ခုလုံးပိတ်ထား

ခဲ့ရသည်။ ရထားအမှတ် ၁၅၀နှင့် ၁၁၇ တို့သည်သတိထား၍ဖြည်းညင်းစွာ

မောင်းဝင်လာရသဖြင့် ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ကြချေ။ထောင်ပေါင်းများ

စွာသော ခရီးသည်များအား ပို့ဆောင်ပေးရန်အတွက် မြို့တော် သယ်ယူပို့

ဆောင်ရေးဌာနသည် ဘတ်စ်ကားအစီး ၈၀ အား ချက်ချင်း တာဝန်ချထား

ပေးခဲ့သည်။ ၎င်းအမှတ် ၁ လိုင်းသည် သက်တမ်းအရင့်ဆုံးဖြစ်ပြီးလျှင် အ

လုပ်အများဆုံးလိုင်းလည်းဖြစ်သည်။ (ဆင်ဟွာ)

Sunday, December 20, 2009

နိုင်ငံခြားလေ့လာရေးခရီးစဉ် နှင့် ပညာတော်သင် သွားရသူများ သက်ဆိုင်ရာအထက်အရာရှိများနှင့် နားလည်မှုရှိရန်လို

December 19, 2009 · Leave a Comment


Rate This
Quantcast
၁၉ ဒီဇင်ဘာ ရန်ကုန် ၊                       ၊ဟိန်းခိုင်ထွန်း
INVESTIGATION STORY

ဌာနဆိုင်ရာ များ နှင့် စစ်အစိုးရ ကျောက်ထောက်နောက်ခံပေးထားသည့် အစိုးရ  မဟုတ် သောအဖွဲ့ အစည်း များမှ ၀န်ထမ်းများ နိုင်ငံခြားခရီးစဉ် သွားခွင့်ရရေး အတွက် သက်ဆိုင်ရာ ဌာနအကြီးအကဲ များ၏ အလိုကို လိုက်ရသည် ဟု Freedom News Group မှ စုံစမ်း သိရှိရသည်။
ဒေသတွင်း နှင့် အာရှနိုင်ငံများမှ လေ့လာရေး ခရီးစဉ် နှင့် ပညာတော်သင်များ ဖိတ်ခေါ်ရာ
တွင် ယခင်က ထူးချွန်သူများ နှင့် စစ်အရာရှိ များ၏ သားသမီးများအားဦးစား ပေး၍ ခေါ်
ယူခဲ့သော် လည်း ယခု လက်သင့်ရာစားတော်ခေါ် စနစ်ထက် ပို၍ ဆန်းပြားသည့် နည်းလမ်း ဖြစ်ခေါ်ယူနေကြောင်းသိရသည်။
ဂျပန် နိုင်ငံသို့ ရက်တိုလေ့လာရေးခရီးစဉ် ထွက်ရမည် ဟု လျှာထားခံရွေးချယ်ခံရပြီး မှ ကျန်ရှိခဲ့သည့် ပညာရေးဝန်ကြီးဌာန မှ အမျိုးသမီးတစ်ဦးက “ကျွန်မ သွားချင်လို့ ပြော
တာမဟုတ်ပါဘူး သူတို့ ဒီလိုအခွင့်အရေးမျိုးဆို သူတို့ နဲ့ ရင်းနှီးသူတွေပဲ ရတယ်ဆိုတာ
သိပြီးသားပါ။ အခုဟာက အလုပ်ဝင်တာ တစ်လ လောက်ပဲ ရှိသေးတယ့် လူက လေ့လာ
ရေးခရီးစဉ် ပါသွားတယ် ဟိုကျတော့ ဘာမှ မဆွေးနေနိုင်ဘူး ။တခြားဌာန က လူတွေ လဲပါသေးတယ် ၊ဘယ်လောက်ရှက်စရာ ကောင်းလဲ“ ဟုပြောသည်။
ပညာရေးဝန်ကြီးဌာန မှစေလွှတ်သော ဂျပန် နိုင်ငံ လေ့လာရေးခရီးစဉ်  တွင် လိုက်ပါရသည့် ထိုအမျိုးသမီးသည် စစ်တပ်မှ ပြောင်းရွှေ့လာသည့် ဗိုလ်မှုးဟောင်း
တစ်ဦး က ညွှန်ကြားရေး မှုး အဖြစ် တာဝန်ယူနေသောဌာန ၏ ၀န်ထမ်းတစ်ဦးဖြစ်ပြီး
ထိုစစ်အရာရှိ က အိမ်ခန်းငှားပေးထား၍ စနေ၊တနင်္ဂနွေ နေ့ များတွင် ပုံမှန် သွားလေ့ရှိ
သူ တစ်ဦးဖြစ်သည်။
နိုင်ငံခြားတိုင်းပြည်များမှ လေ့ကျင်ရေးသင်တန်း နှင့် ပညာတော်သင်များပေးရာ
တွင် ယခုကဲ့သို့  အထက်အရာရှိများ ၏ အလိုကိုလိုက်ပါမှ သွားရမှုများမှာ ထိုဌာန
တစ်ခုတည်းတွင်သာ မဟုတ်ပဲ ကြံဖွံ့ ၊လှုမှုဝန်ထမ်း နှင့် ပြန်လည်နေရာချထားရေးဝန်ကြီး
ဌာန နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနတို့ တွင်ပါရှိကြောင်းသိရသည်။
ဌာနဆိုင်ရာများတွင် တာဝန်ရှိ ပုဂ္ဂိုလ်များက ငယ်ရွယ်သည့် အမျိုးသမီးများအား ယခုနှစ်
တွင် ပိုမိုခန့် ထားခြင်းကြောင့် ထိုဖြစ်ရပ်မျိုးမှာ ပိုမို များပြားလာခြင်းဖြစ်သည်။
ကြံဖွတ်၏ အာဆီယံ က သင်တန်းပေးသည့် သဘာဝဘေးဒဏ် ကြောင့် ပျက်စီးဆုံးရှုံးမှု များ ဆိုင်ရာ လေ့လာရေး သုံးလသတင်တန်း သို့ တက်ရောက်ခွင့် ရခဲ့သည့် အမျိုးသမီးတစ် ဦးမှာ ၀န်ကြီး ဗိုလ်ချုပ်ဌေးဦး ၏ ကိုယ်ရေးအရာရှိ ဖြစ်သူ၏ တရားမ၀င်ဟုတ် သော ဇနီးဖြစ်သည်။
မြန်မာ နိုင်ငံတွင် အလုပ်အကိုင် ရှားပါးမှု ကြောင့် အချို့ လုပ်ငန်းခွင်များတွင် နေရာများရထားသော အမျိုးသမီး အချို့ မှာ ဘ၀ နှင့် ရင်းရသည်များရှိသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန တွင်မူ ခန္တာကိုယ် အလှ ကျော့ရှင်းသည့် အမျိုးသမီးများမှာ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ ရာထူးနေရာချထားပုံတိုင်းပင် ရာထူးအတက် မြန်သည်
ဟုသိရသည်။

နိုင်ငံတကာလက်နက်မှောင်ခိုဈေးကွက် တွင် မြန်မာနိုင်ငံပတ်သက်နေ ဟု ဒေသတွင်းနိုင်ငံတို့ ယူဆ

December 16, 2009 · Leave a Comment


1 Votes
Quantcast
၁၆ ဒီဇင်ဘာ ဘန်ကောက်၊                        ၊Freedom News Group
Is Myanmar Networking Illegal Armed Trade ?

မြောက်ကိုရီးယားမှာသယ်ဆောင်လာသည့် လက်နက်တန်ချိန် ၃၅ တန် ကို လေယာဉ်ပေါ်မှ သယ်ချနေစဉ် ဓာတ်ပုံ-အေပီ
စနေနေ့ က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ဒွန်မောင်းလေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းထားသည့် မြောက်ကိုရီးယားမှ ဒုံးလက်နက် ၃၅ တန် တင်ဆောင်လာသော ဘီလာရုစ် နိုင်ငံပိုင်လေယာဉ် သည်  မြန်မာ နိုင်ငံ ရန်ကုန် မြို့ တွင် ဆီဖြည့်ရန် စီစဉ်ထား ခြင်းဖြစ်နိုင်သည် ဟု ထိုင်းနိုင်ငံရှိ အမေရိကန် အစိုးရ တာဝန်ရှိ သူများက ယူဆကြသည်။
အမေရိကန် နိုင်ငံ၏ သတင်းပေးမှုကြောင့် ဖမ်းဆီးရရှိခဲ့သော ထိုလေယာဉ် သည် အာဖရိက သို့ မဟုတ် ပါကစ္စတန် နိုင်ငံသို့ ကွန်မြူနစ်ဝါဒ ကျင့် သုံးသည့် အထီးကျန် မြောက်ကိုရီးယားနိုင် ငံမှ ဒုံးလက်နက်များတင် ပို့ ရန် ဖြစ်သည်။
တာရှ်ကင့် လေယာဉ် ကုမ္ပဏီ မှထုတ်လုပ်သည့် ရုရှားလုပ် ထို အီလျှာရှင် – ၇၆ အမျိုးအစားလေယာဉ် သည် ခရီးတစ်ထောက် အဖြစ် လည်း သီရီလင်္ကာနိုင်ငံတွင် ဆီဝင်ဖြည့်ရန် ရှိသည် ဟု ဘီလာရုစ် လေယာဉ် မှုးက ထိုင်းအာဏာပိုင် တို့ ကို ပြောပြသည်။
ကမ္ဘာ့ လုံခြုံရေး အတွက် အန္တရာယ်ရှိသည် ဟု အမေရိကန် ကယူဆသည့် လက်နက်တင်
လေယာဉ် သည် ကွန်မြူနစ် မြောက်ကိုးရီးယား၏ လက်နက်ဖောက်သည် နိုင်ငံများဖြစ်သည့် သီရီလင်္ကာ၊မြန်မာ တို့ တွင် ဆီဝင်ဖြည့်ရန် ကြိုတင် စီစဉ်ခဲ့သော်လည်း
ပြုံယမ်းမှ အထွက်မှာပင် ရာသီဥတု မကောင်းမှု ကြောင့် ၎င်း၏ အိုမင်းလှသော အင်ဂျင်လေးလုံသည် သာမန် ထက်ပို၍ အလုပ်လုပ်ခဲ့ရသဖြင့် လောင်စာဆီ မလောက်ငှာမှု
ပြဿနာ ပေါ်ပေါက်သွားခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
ဒွန်မောင်းတွင် ထိုင်းလုံခြုံရေးအဖွဲ့ များက အီလျှာရှင် ကို စစ်ဆေးစဉ် လောင်စာတိုင်ကီထဲရှိ ဆီလက်ကျန်မှာ ရန်ကုန် မြို့ လောက်ထိ ဆက်လက်မောင်းနှင်းနိုင်သေးသော် လည်း လေယာဉ်မှုးကြီး၏ စိုးရိမ်ပူပန် မှုကြောင့် သေကွင်းကို မှ ဖြတ်ပြေးမိခြင်း ဖြစ်သည် ဟု ယူဆကြသည်။
မြန်မာနိုင်ငံ သို့ ဦးတည် မောင်နှင်လာသည့် ပြီးခဲ့သည့် ဇွန်လ က ကန်နမ် သင်္ဘောလက်ထက် ကိစ္စကတည်းက ရေငုံနှုတ်ပိတ်ရှိလှ သည့် မြန်မာ အစိုးရမှာ ယခုကဲ့သို့ အကျယ်ကျယ် မငြိမ်းဖွယ် ကိစ္စများတွင် အတိတ်မေ့ သလို ၊ရွှေထုပ်ကောက်ရသလို မျိုး ခပ်မဆိတ် နေမည် မှာ မြေကြီးလက်ခတ်မလွဲ သေချာကြောင်း မြန်မာ နိုင်ငံသို့ ကြိမ်ဖန်များစွာ ရောက်ဖူးသည့် အမေရိကန် အစိုးရအရာရှိတစ်ဦးက Freedom News Group သို့ ပြောသည်။
ဖမ်းဆီးခံထားရသည့်လေယာဉ်မှုးများ
မည်သို့ ပင်ဆိုစေကာမူ ထောင်ဒဏ် ၁၀ နှစ်ထက် မနည်းကျခံရမည့် ကာဇက်စတန် နှင့် ဘီလာရုစ် လေယာဉ်မှုးများ က ကုလသမဂ္ဂထံသို့ လွှဲပြောင်းပေးခံရသည့် အခါ ၎င်းတို့ သိထားသည်များကို ထုတ်ဖေါ်ပြောကြားလိမ့်မည် ဖြစ်သည်။
အီလာရှင် ၇၆ ၏ ဘန်ကောက် ပြဿနာသည် အမေရိကန် အစိုးရအတွက် သာမန် ပြဿနာ မဟုတ်ဘူး ဟု သဘောထားလျှင် မြန်မာ နိုင်ငံသည် နိုင်ငံတကာလက်နက် မှောင်ခိုဈေးကွက်တွင်  မည်မျှ အတွေ့ အကြုံရှိပြီး ဖြစ်သနည်း ဆိုသည် မှာ မိုင်ရှစ်ထောင်ခန့် ဝေးသော အမေရိကန် ထက် ဒေသတွင်း နိုင်ငံများက ပိုမိုစိုးရိမ်စရာကောင်းလှသည်။
သေကြာနေ့ က ပြုံးယမ်မှ ထွက်လာသော မိတ်ဆွေ မြောက်ကိုရီယား နိုင်ငံ၏ အီလာရှင် ၇၆ လေယာဉ် အား နေပြည်တော်မှ မိတ်ဆွေများက ဗေဒင်၊ယတြာ မချေ ပေး ခဲ့ မိခြင်းကြောင့် ခရီးလမ်း တွင် အနှောင့် အယှက် တွေ့ ပုံရသည် ဟု အမေရိကန် စစ်သားဟောင်းကြီးက ရယ်မော  ၍ Freedom News Group သို့  ပြောသည်။

နယူးဘမ်းမြို့ က စည်ကားတဲ့ ကရင်နှစ်သစ်ကူး

E-mail Print PDF
alt စနေနေ့က မြောက် ကယ်ရိုလိုင်းနား ရောက် ကရင်လူငယ် ယဉ်ကျေးမှု အဖွဲ့မှ ကြီးမှူး၍ နယူးဘမ်း မြို့တွင် ကရင်ရိုးရာ နှစ်သစ်ကူးပွဲ အခမ်းအနားကျင်းပ နေစဉ် @ ( Photograph: တင်အောင်မိုး - လူထုအသံ )
အမေရိကန် နိုင်ငံ မြောက်-ကယ်ရို လိုင်းနား ပြည်နယ် နယူးဘမ်း မြို့တွင်  ကရင်လူငယ် ယဉ်ကျေးမှု အဖွဲ့မှ ကြီးမှူး ၍ ကရင်ရိုးရာ နှစ်သစ်ကူးပွဲ အခမ်း အနား ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)
ရက်နေ့၊ စနေနေ့ နံနက် ၁၀ နာရီ မှ ညနေ ၃နာရီခွဲ အထိ နယူဘမ်း အမှတ် ( ၁၅၀၀ ) ကင်းဒမ်းဝေးရှိ ဘက်ပတစ် ဘုရား ရှိခိုးကျောင်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ရာ ထို အခမ်း အနားကို မြောက်ကယ်ရိုလိုင်းနား နှင့် အနီးအနားရှိ ပြည်နယ် များတွင် နေထိုင် ကြသော မြန်မာ နိုင်ငံသားများ၊ ကရင် တိုင်းရင်းသားများ နှင့် အမေရိကန် လူမျိုးများ အပါအ၀င် စုစုပေါင်း လူဦးရေ ၅၀၀ခန့် တက်ရောက်ခဲ့ကြသည်။
ထို အခမ်းအနားကို ဦးဆောင်လူငယ်များ ဖြစ်သော ကိုဥာဏ၊ ကိုကျော်ဇင်၊ ကိုထွန်းသိန်း တို့မှ ကမကထ အမှူးပြု ကျင်းပခဲ့ပြီး ကရင်လူမျိုးများ၏ ယဉ်ကျေးမှု၊ သမိုင်း ၊ ကရင် အမျိုးသားများ၏ ရိုးရာ အစဉ်အလာများ မတိမ်ကောစေရန် ရောက်ရာ အရပ်၌ မိမိလူမျိုးများ၏ ထိန်းသိမ်းသင့်သော ယဉ်ကျေးမှုများကို မပျောက်ပျက် သွားစေရန် အလို့ငှါ ယခုပွဲအား ကျင်းပရခြင်း ဖြစ်ကြောင်း ထို အခမ်းအနားအား ဦးဆောင် စီစဉ်ကျင်းပသူ ကရင် အမျိုးသား ကိုစိုးသန်းမှ လူထုအသံသို့ ဖြေကြားခဲ့သည်။
ပြည်ပရောက် နှောင်းလူငယ်များ ရိုးရာယဉ်ကျေးမှု အမွေ ထိမ်းသိမ်းနိုင်ရန် သမိုင်းအမွေ လက်ဆင့်ကမ်း နိုင်ရန် ယခုကဲ့သို့ ကျင်းပရခြင်း ဖြစ်ကြောင်း သိရှိရသည်။ ယင်းနှစ်ကူး အခမ်းအနားတွင် ကရင်ရိုးရာ ယဉ်ကျေးမှု အကများ ဖြစ်သည့် ကရင်ဒုံးရိမ်း၊ ၀ါးညှပ် အကများဖြင့် ဖျော်ဖြေကာ ကရင်ရိုးရာ သီချင်းများကို ခေတ်ပေါ် သီချင်းများအား အသီးသီး သီဆို ဖြေဖျော်ကြကာ နယူးဘမ်း ဒုံးအဖွဲ့နှင့် ချာပါဟေးလ် ဒုံးအဖွဲ့တို့ ကလည်း အထူး ဖျော်ဖြေကြသည်ဟု သိရှိရသည်။
အခမ်းအနားကို တက်ရောက်လာသော ဋ္ဌာနေ NGO များ၊ စပွန်ဆာရှင်များ၊ နယူးဘမ်း အနီးအနား မြို့များဖြစ်သော ချာပါဟဲ၊ ကာဘိုရို၊ ဒူရန်၊ ရှားလော့ဒ်၊ ရာလေး၊ ဝါမင်တန်၊ ဟိုက်ပွိုင့် မှ လာရောက်ကြသော ပရိတ်သတ် များအား ကြက်၊ ဝက်၊ ဆိတ်၊ ထမင်းဟင်း များအပြင် ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ဘယာကြော်၊ အသီးအနှံမျိုးစုံ တို့ပြင် ကရင်ရိုးရာ တာလပေါ၊ အမေရိကန်များပါ စားသုံးနိုင်သော အစားအစာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးသည်ဟု သိရှိရသည်။
တင်အောင်မိုး ( လူထုအသံ )