Pages

Wednesday, January 20, 2010

အာဖဂန်ပြည်သူများ၏ ထောက်ခံမှုသည် စစ်ပွဲထက်ပိုမိုအရေးကြီးကြောင်း နေတိုးတပ်မှူးပြောကြား

Share
အာဖဂန်ပြည်သူများ၏ထောက် ခံမှုရရှိရေးနှင့် အာဖဂန်လုံခြုံရေးတပ် ဖွဲ့များ၏ စွမ်းဆောင်ရည်မြင့်တက် ရေးသည် တာလီဘန်များအားတိုက် ခိုက်ရေးထက်ပိုမိုအရေးကြီးကြောင်း နေတိုးတပ်ဖွဲ့များ၏တပ်မှူး အမေ ရိကန်ရေတပ်ဗိုလ်ချုပ်ဂျိမ်းစ်စတက် ရီဒစ်က ပင်တဂွန်စစ်ဌာနဆိုင်ရာသတင်း ထောက်အယ်လ်ပက်ဆင်အား ပြော ကြားခဲ့သည်။
၂၀၀၉ခုနှစ်ကုန်ခါနီးတွင်သမ္မတ အိုဘားမား၏ အာဖဂန်မဟာဗျူဟာ သည် အနိုင်တိုက်ခဲ့သောတိုက်ပွဲများ၊ ကျဆုံးခဲ့သောစစ်သွေးကြွအရေအတွက် များနှင့် မသက်ဆိုင်ကြောင်း ¤င်းက ပြောကြားခဲ့သည်။ အရေးကြီးဆုံး အချက်များမှာပထမအချက်အနေဖြင့် တာလီဘန်များထက် မဟာမိတ်တပ် များကို အာဖဂန်ပြည်သူများက ထောက်ခံရေးဖြစ်ကြောင်း၊ ဒုတိယ အချက်အနေဖြင့် အာဖဂန်လုံခြုံရေး တပ်ဖွဲ့အင်အားကိုသုံးသပ်ရမည် ဖြစ် ကြောင်း၊နောက်ဆုံးအချက်အနေဖြင့် အာဖဂန်လုံခြုံရေးတပ်များ၏ အရည်အသွေးမြင့်မားလာရေးဖြစ် ကြောင်း ၄င်းကပြောကြားခဲ့သည်။
အာဖဂန်အစိုးရသည် နိုင်ငံတွင်း ဖြစ်ပေါ်နေသော ခြစားမှုများကိုတိုက် ဖျက်သွားရန်လိုအပ်ပြီး ပြည်သူများ အတွက် ကောင်းမွန်သောဝန်ဆောင် မှုများတိုးမြှင့်ပေးရန်လည်း လိုအပ် နေသည်ဟု ဂျိမ်းစ်စတက်ရီဒစ်က ပြောကြားခဲ့သည်။