Pages

Sunday, February 7, 2010

အမေဇုန်မြစ်ဝှမ်းတွင် ရေအားလျပ်စစ် ဆည်ဆောက်မည့်အစီအစဉ် ကန့်ကွက်ခံရ



Share
အမေဇုန်မြစ်ဝှမ်းတွင် ကမ္ဘာ့တတိယအကြီးဆုံး ရေအားလျပ်စစ်ထုတ်လုပ်မည့် ဆည်တည်ဆောက်ရန် စီမံကိန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်သူများ၊ အခြားလှုံ့ဆော်ရေး အဖွဲ့များနှင့် ဗြိတိန်ရော့ခ်ကြယ်ပွင့် စတင်းက ကန့်ကွက်ခဲ့ပြီး ယင်းဆည် တည်ဆောက်ခြင်းကို ယင်းဒေသအား ပျက်စီးနိုင်သည်ဟုပြောကြားခဲ့သည်။ ဆင်ဂူမြစ်ပေါ်ရှိ ဘီလိုမွန်တီအ မည်ရယင်းစီမံကိန်းတည်ဆောက်ရန် အတွက် ဘရာဇီးသမ္မတလူလာဒါ ဆေးဗားက ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်လာ ၁၁ ဘီလျံခွင့်ပြုခဲ့သည်။ဆင်ဂူမြစ်သည် စတုရန်းကီလိုမီတာ ၅၀၀ (၁၉၃ စတုရန်းမိုင်)ဖြင့်စီးဆင်း ပြီး ဘရာဇီးစွမ်းအင်လိုအပ်ချက် ၁၁ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေကြောင်း သိရသည်။ ပါရာပြည်နယ် မြောက် ပိုင်းတွင်တည်ဆောက်မည့်ယင်းဆည် စီမံကိန်းကြောင့် ဆင်ဂူမြစ်ကြောင်း တစ်လျောက် မိုင် ၆၀ ခန့်တွင် ရေ ရှားပါးမှုဖြစ်နိုင်ပြီး ဒေသခံထောင် ပေါင်းများစွာနေရပ်စွန့်ခွာရနိုင်သည်ဟု ယင်းအဖွဲ့များက ဝေဖန်ကန့်ကွက်ခဲ့ သည်။ ထို့ပြင်စစ်တပ်မှအလုပ်ရှာဖွေ သူများက မိုးသစ်တောကိုခုတ်လှဲ ခြင်းနှင့် ဖျက်ဆီးခြင်းပြုလုပ်လာနိုင် သည်ဟု၎င်းတို့ကထောက်ပြခဲ့သည်။
ဆည်တည်ဆောက်ခြင်းစီမံကိန်း အတွက် လေလံဆွဲခြင်းကို ဧပြီတွင် ပြုလုပ်မည်ဖြစ်ပြီး အောင်မြင်ပါက ဘရာဇီးတွင် ဒုတိယအကြီးဆုံး ရေ အားလျပ်စစ်စီမံကိန်းဖြစ်လာမည်ဖြစ် ပြီး တရုတ်မှ Three Gorges ဆည်ပြီးလျင် ကမ္ဘာ့တတိယအကြီးဆုံး ရေအားလျပ်စစ်စီမံကိန်းဖြစ်လာမည် ဖြစ်သည်။