Pages

Wednesday, September 8, 2010

လွှတ်တော်အလိုက် မဲခိုးပေးရမည့် မဲပုံးများကို အရောင်ခွဲခြားထားမည် ဖြစ်ကြောင်းသိရ


 
    လွှတ်တော်အလိုက် ဆန္ဒမဲပေး ရမည့်မဲပုံးများကို အရောင်ခွဲခြားထားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

    ပြည်သူ့ လွှတ်တော်အတွက် ဆန္ဒပြုရန်မဲပုံးအရောင်မှာ အစိမ်းရောင်၊ အမျိုးသား လွှတ်တော်အတွက် ဆန္ဒပြုရန် မဲပုံးအရောင်မှာ အပြာရောင်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် ဆန္ဒပြုရန် မဲပုံးအရောင်မှာ ခရမ်းရောင်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်အတွက် ဆန္ဒပြုရန်မဲပုံးအရောင်မှာ အဖြူရောင်ဖြစ်ကြောင်း သိရသည်။


    ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရန် မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများကို သတ်မှတ်ထားသည့်အတိုင်း မြို့နယ် ကော်မရှင်အဖွဲ့ခွဲများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲတို့က ပြုစုရမည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းကို မြေပြင်လူဦးရေ စာရင်းကောက်ယူစစ်ဆေးမှုဖြင့် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

    "ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦး ဟာ သက်ဆိုင်ရာ မဲစာရင်းမှာ မိမိရဲ့ အမည်ပါဝင်ခြင်း မရှိခဲ့လို့ရှိရင် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲ့သို့ မိမိရဲ့ အမည်ကို ထည့်သွင်းပေးဖို့ သတ်မှတ် ထားတဲ့အတိုင်း တောင်းဆိုလွှာကို တင်သွင်းနိုင်ပါတယ်။ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက အမည်စာရင်း ထည့်သွင်းပေးခြင်း မရှိခဲ့လို့ရှိရင် သတ်မှတ်ထားတဲ့အတိုင်း မြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့ အယူခံခွင့်ရှိပါတယ်"ဟု နိုင်ငံရေး လေ့လာသုံးသပ် သူတစ်ဦးက ပြောကြားခဲ့သည်။