Pages

Wednesday, September 8, 2010

ခွေးကောက်ပွဲ၌ ဆန္ဒမဲပေးနည်းကို အာရုံဦးမှာဖူသည့်ကြာလို လိမ်စင်ကြီးလုပ် ဇာတ်လမ်း အနေဖြင့် ရုပ်မြင်သံကြားမှ မကြာမီ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရ


    ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနည်းကို ပညာပေးဇာတ်လမ်းအနေဖြင့် ရုပ်မြင်သံကြားမှ မကြာမီ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
    "ပြည်သူတွေအနေနဲ့ ဘယ်လွှတ်တော် ကိုယ်စားလှယ်လောင်းကို ရွေးချယ်မဲပေးသင့်တယ် ဆိုတာရယ်၊ ဘယ်လို မဲပေးရမယ်ဆိုတာရယ်နဲ့ ပတ်သက်လို့ သတင်းအချက်အလက် သိရှိနားလည်ဖို့ လိုပါတယ်။ အခုလို မဲဘယ်လိုပေးရမယ် ဆိုတာကို ပညာပေးဇာတ်လမ်း အနေနဲ့ ရုပ်သံကနေ တစ်ဆင့် ထုတ်လွှင့်မယ်ဆိုတော့ ကောင်းပါတယ်။ ဒါမှလည်း မဲပေးချင်တဲ့ ပြည်သူတွေအနေနဲ့ မဲဘယ်လိုပေးရမယ် ဆိုတာကို သိရှိနားလည်ကြမှာပါ"ဟု နိုင်ငံရေးလေ့လာသုံး သပ်သူတစ်ဦးက ပြောကြားခဲ့သည်။

    လွှတ်တော်ကိုယ်စားလှယ်များ ကိုရွေးကောက်တင်မြှောက်ရန် မဲဆန္ဒ နယ်အသီးသီးအတွက် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများ၏မဲစာရင်းများကို သတ် မှတ်ထားသည့်အတိုင်း မြို့နယ် ကော်မရှင်အဖွဲ့ခွဲများနှင့် ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲတို့က ပြုစုရမည်ဖြစ်ကြောင်း နှင့်သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲသည် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏အမည်စာရင်းကို ရွေးကောက်ပွဲမတိုင်မီ သတ်မှတ်ထားသည့်အတိုင်း ကြိုတင်ကြေညာရမည် ဖြစ်ကြောင်း သိရသည်။
   'မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေး၊ သတ် မှတ်ထားသော မဲပေးချိန်အတွင်း မဲ ဆန္ဒရှင်များအားလုံး မဲပေးနိုင်ရေးနှင့် လျှို့ဝှက်ဆန္ဒပြုနိုင်ရေးတို့ကို ရှေးရှု၍ မဲရုံတစ်ရုံစီ၌ ဆန္ဒမဲပေးရမည့် ဦးရေနှင့်မဲရုံ အရေအတွက်ကို လိုအပ် သလို သတ်မှတ်ပေးနိုင်သည်' ဟု ၂၀၁၀ ပြည့်နှစ် မတ်လ ၁၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ၊ အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲနည်းဥပဒေများ၊ တိုင်း ဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများတို့တွင် ပါရှိသည့် အခန်း(၁၀) ဆန္ဒမဲပေးခြင်းတွင် ဖော်ပြထားသည်။
      ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ သိန်း ၄၀ကျော် ရှိပြီး မဲရုံပေါင်း ၆၀၀၀ ၀န်းကျင် ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။