Pages

Monday, October 18, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရူးကြောင်ကြောင်ဖြစ်သွားပြီ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရူးကြောင်ကြောင် မြို့တော်



ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ရဲ့ မြို့တော်သစ် နေပြည်တော်ကြီး လှပတင့်တယ်ဖို့ မြို့တော်ကို ဖြတ်သန်းစီးတဲ့ ချောင်းကြီးတခု ဖောက်လုပ်နေတယ်လို့ အပတ်စဉ်ထုတ် Flower News ဂျာနယ်က သတင်းဖော်ပြလိုက်ပါတယ်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့လယ်ခေါင်ကို ဖြတ်သန်းစီးနေတဲ့ သိန်းမြစ်လိုမျိုး နေပြည်တော်ကို ဖြတ်သန်းစီးဆင်းတဲ့ ချောင်းကြီးတခုကို ဖောက်လုပ်တာလို့ အဲဒီသတင်းက ဆိုတယ်။

အနောက်ပဲခူးရိုးမက မြစ်ဖျားခံလာတဲ့ ငလိုက်ချောင်းကို ပြုပြင်ပြီး နေပြည်တော်မြို့တော်အထိ အရောက် ချောင်းကြီးတခုဖောက်လုပ်မှာ ဖြစ်တဲ့အကြောင်း၊ ဒီချောင်းထဲမှာ အပျော်စီးသင်္ဘောတွေ၊ လှေတွေနဲ့ စီးပြီး
နေပြည်တော်အလှကို ခံစားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်ဖို့ Moon Ray ကုမ္ပဏီက ငလိုက်ချောင်းအတွင်းမှာ ကမ်းကပ် နံရံညှိတာတွေ၊ မြေညှိတာတွေ လုပ်နေပြီလို့ သတင်းက ဖော်ပြပါတယ်။

ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံ ဆောက်လုပ်မယ့် ဒီစီမံကိန်းအစား ဆေးထိုးအပ်၊ ဂွမ်းက အစ အလကားမရ ၊ လူနာရှင်ကိုယ်တိုင်ဝယ်ယူပြီး အသုံးပြုနေရတဲ့ ဆေးရုံ၊ ဆေးပေးခန်း ကျန်းမာရေးစနစ်ကို
ပြန်လည်ပြုပြင်မယ်ဆိုရင် အင်မတန် ၀မ်းသာစရာ ကောင်းမှာပါ။

အခုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ရဲ့ စိတ်ကူးယဉ်အိမ်မက် ထဲကအတိုင်း ချောင်းတွေ၊ အဆောက်အအုံတွေနဲ့ မြို့တော်ကြီးတခု တည်ဆောက်နေလေတော့ ပြည်သူ့ဘ၀အခြေ အနေတွေက ဒီထက်ပိုဆိုးလာမယ့် အခြေအနေပဲရှိပါတယ်လို့ ဆိုပါရစေ။