Pages

Monday, January 10, 2011

သုခကုသိုလ်ဖြစ်ဆေးခန်း၌ ၂၀၁၀ ပြည့်နှစ်အတွင်း ယခင်နှစ်များထက် လူနာပေါင်း ၉၆၀၃ ဦး ပိုမိုကုသပေး ခဲ့ရကြောင်းသိရ


PDF Print
   ၂၀၀၇ ခုနှစ် ကမ္ဘာ့ ကျန်းမာရေးနေ့ဖြစ်သည့် မတ်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ကာ ဆေးဝါးကုသပေးနေသော သုခကုသိုလ်ဖြစ်ဆေးခန်း၌ ပြီးခဲ့သည့်နှစ်များထက် ၂၀၁၀ ပြည့်နှစ်အတွင်း လူနာပေါင်း ၉၆၀၃ ဦး ပိုမိုကုသပေးခဲ့ရကြောင်း အဆိုပါ ဆေးခန်းရှိ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ဆေးခန်းမှာက ဓာတ်မှန်ရိုက်စက်၊ ECG စက်၊ ဆီးချိုသွေးချို စမ်းသပ်တဲ့စက်တွေ ထားရှိပြီး လူနာ တွေကိုဆေးကုသပေးပါတယ်။ ဆေးဝါးကုသနိုင်ဖို့ တစ်ရက် ကြိုတင်စာရင်းပေးရပါတယ်
   သုခကုသိုလ်ဖြစ် ဆေးခန်း တွင် ယခုလက်ရှိ၌ ကလေးအထူးကု၊ အရိုးအကြောအထူးကု၊ သွားနှင့် ခံတွင်းအထူးကု၊ ခွဲစိတ်အထူးကု၊ မီး ယပ်နှင့် သားဖွားအထူးကု၊ နား နှာခေါင်း အထူးကု၊ အရေပြားအထူးကု၊ မျက်စိအထူးကု၊ အပ်စိုက်အထူးကု၊ ကင်ဆာနှင့် ဓာတ်ရောင်ခြည် အထူးကု၊ ဆီးချိုသွေးချို အထူးကုဆရာဝန် များအပါအ၀င် ဆရာဝန်ပေါင်း ၅၂ ဦးတို့က ဆေးကုသမှု ခံယူကြသည့် လူနာများကိုကုသပေးလျက်ရှိသည်။ ယင်းကဲ့သို့ ဆေးကုသပေးရာ၌ ၂၀၀၇ ခုနှစ်တွင် လူနာပေါင်း ၂၅၇၀၇ ဦး၊၂၀၀၈ ခုနှစ်တွင် ၂၄၂၂၄ ဦး၊ ၂၀၀၉ ခုနှစ်တွင်၂၅၁၁၉ ဦးနှင့် ၂၀၁၀ ပြည့်နှစ်တွင် ၃၄၇၂၂ ဦး တို့ ကို အခမဲ့ဆေးဝါး ကုသပေးခဲ့ရမှု ကြောင့်  ပြီးခဲ့သည့်နှစ်များတွင် ဆေး ကုသပေးခဲ့ရသည့် လူနာစာရင်းနှင့် နှိုင်းယှဉ်ပါက ၂၀၁၀ ပြည့်နှစ်တွင် လူနာ ၉၆၀၃ ဦးကို ပိုမိုကုသပေးခဲ့ရကြောင်း သိရသည်။
   "ဆေးခန်းကို လူပုဂ္ဂိုလ်တွေ သာမက သံဃာတော်တွေ၊ သီလရှင်တွေပါ အနယ်နယ်အရပ်ရပ်က နေလာပြကြတယ်။ ဆေးခန်းမှာက ဓာတ်မှန်ရိုက်စက်၊ ECG စက်၊ ဆီးချိုသွေးချို စမ်းသပ်တဲ့စက်တွေ ထားရှိပြီး လူနာ တွေကိုဆေးကုသပေးပါတယ်။ ဆေးဝါးကုသနိုင်ဖို့ တစ်ရက် ကြိုတင်စာရင်းပေးရပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။