Pages

Sunday, May 22, 2011

မြစ်ကျဉ်းသုံးသွယ်ဆည်နှင့် ပတ်သက်၍ ပြဿနာများအမှားများ ရှိနေကြောင်း တရုတ်ကြီးက အသိအမှတ်ပြု ၀န်ခံ

Eleven News PDF Print
Sunday, 22 May 2011 20:59
AddThis Social Bookmark Button
w63425
မြစ်ကျဉ်းသုံးသွယ်ဆည်သည် ပြဿနာများ ဖြစ်ပေါ်စေခဲ့ပြီး ထိုပြဿနာများကို အလျင်အမြန် ဖြေရှင်းရန် လိုအပ်ကြောင်း တရုတ်က အသိအမှတ်ပြု ၀န်ခံ ပြောကြားခဲ့သည်။ လူ ၁ ဒသမ ၃ သန်းကို နေရာရွှေ့ပြောင်းပေးခဲ့မှု အပါအ၀င် သဘာဝပတ်ဝန်းကျင် ပြဿနာများကို ဖြစ်ပေါ်စေခဲ့ကြောင်း တရုတ် ထိပ်တန်း ခေါင်းဆောင်များက ပြောကြားခဲ့သည်။
ဒေါ်လာ ၄၀ ဘီလျံအထိ ကုန်ကျခဲ့ သော ကမ္ဘာအကြီးဆုံးဆည် Three Gorges ဆည်နှင့်ပတ်သက်၍ ပြဿနာများကို တရုတ်အစိုးရက ပထမဆုံးအကြိမ် ၀န်ခံပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆည်ကြောင့် ရေကြီးမှုများကို ကာကွယ်နိုင်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ဆောင်ရွက်နိုင်သည်ဟု ထောက်ခံ ပြောကြားခဲ့သော တရုတ် နိုင်ငံတော်ကောင်စီက နေရာရွှေ့ပြောင်းပေးခဲ့ရသော ပြည်သူများ အတွက် ဘ၀နေထိုင်မှု အခြေအနေများ တိုးတက်စေရန် ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်နှင့် ဘူမိဗေဒဆိုင်ရာ သဘာဝ ဘေးအန္တရာယ်ကြီးများကို ကာကွယ်ရန်အတွက် အရေးတကြီး ပြဿနာများ ဖြေရှင်းရန် လိုအပ်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
တရုတ် တော်လှန်ရေးခေါင်းဆောင် မော်စီတုံးသည် မြစ်ကျဉ်းသုံးသွယ်ဆည် တည်ဆောက်ရေးကို စတင် စိတ်ကူးခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် တည်ဆောက်မှုများ စတင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ယမန်နှစ်က မြို့ကြီး(၁၃) မြို့၊ မြို့ (၁၄၀)နှင့် ကျေးရွာ (၁၃၅၀) ရေမြုပ်ခဲ့ပြီးနောက် ဆည်၏ မြစ်ရေ အမြင့်ဆုံးအထိ ရောက်ရှိသွားခဲ့သည်။