Pages

Wednesday, June 1, 2011

ဦးဖွတ်စိန်၏ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်တွင်ဖွတ်စိန်က တရုပ်ကြီးကိုအဖေခေါရန်သဘောတူခဲ့ 

PDF Print
Wednesday, 01 June 2011 22:08
AddThis Social Bookmark Button
တရုတ်-မြန်မာ ဘက်စုံ မဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံများအဖြစ် (Com- prehensive Strategic Coopera- tive Partnership) ထူထောင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံ
ချစ်ကြည်ရေးခရီးစဉ်တွင် သဘောတူညီခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၏ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး တရုတ်- မြန်မာ ဘက်စုံမဟာဗျူဟာမြောက်
ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံအဖြစ် ထူထောင်ခြင်းနှင့် စပ်လျဉ်းသည့် ပူးတွဲကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပူးတွဲကြေညာချက်တွင် (က) နှစ်ဖက်စလုံးက နှစ်နိုင်ငံ လွှတ်တော်များ၊ အစိုးရများ၊ တရား ရေးဌာနများနှင့် နိုင်ငံရေးပါတီများ အကြား အဆင့်မြင့်ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်းရန်၊ မဟာဗျူဟာမြောက်
အပြန်အလှန်ယုံကြည်မှုကို ဆက်လက်မြှင့်တင်ရန်နှင့် ခင်မင်ရင်းနှီးစွာ အပြန်အလှန်ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးကိုပိုမို ခိုင်မာအောင် ဆောင်ရွက်သွားရန် ဟူသည့် အချက်ပါရှိခဲ့သည်။
ထို့အပြင် အပိုဒ်(ဃ)တွင် နှစ်ဖက်အကျိုးဖြစ်ထွန်းရေးကို အခြေခံ၍ ပညာရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာ၊ ကျန်းမာရေး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း နယ်ပယ်များတွင် ခင်မင်ရင်းနှီးစွာ
ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန်၊ ပြည်သူအချင်းချင်းနှင့် ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန် လည်ပတ်ရေးကို တိုးမြှင့်သွားရန်နှင့် နှစ်ဖက်ပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရေး
ကိုမြှင့်တင်သွားရန်၊ (င)နယ်စပ်စီမံ ခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ရန်၊ နယ်စပ်စီမံခန့်ခွဲရေး ကိစ္စရပ်များကို အချိန်နှင့် တစ်ပြေးညီဆက်သွယ် အကြောင်းကြားရန်နှင့် နယ်စပ်ဒေသ များတွင်
အေးချမ်းတည်ငြိမ်မှု ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားရန် စသည်ဖြင့် ဖော်ပြထားသည်ကို တွေ့ရပြီး ပူးတွဲကြေညာချက်တွင် အပိုဒ်(က)မှ အပိုဒ်(ဆ) အထိ ထည့်သွင်းထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ဟူကျင်တောင်၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး အဖြစ် မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အ ထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့
သွားရောက်ခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာအပါအ၀င် မြောက်ကိုရီးယား၊ မွန်ဂိုလီး ယား၊ ရုရှား၊ ကာဇက်စ္စတန်၊ ကာ ဂျစ်စ္စတန်၊ အာဖဂန်နစ္စတန်၊ ဗီယက် နမ်၊ လာအို၊ ပါကစ္စတန်၊ နီပေါ၊ ဘူ တန်၊ အိန္ဒိယတို့နှင့် နယ်နိမိတ်ထိ
စပ်လျက်ရှိသော နိုင်ငံဖြစ်သည်။